Connect with us

Science & Technology

၂၀၂၂ တွင် အထက်ရဲရွာက ဓာတ်အား ကီလိုဝပ် ၁၄၀၉ သန်း ဖြန့်ဖြူးမည်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင် ဖြေကြားနေစဉ်။

နေပြည်တော်၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြျို့နယ်၊ ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ၊ ဒုဌဝတီ မြစ်ပေါ်၌ တည်ဆောက်လျက်ရှိသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းမှ ၂၀၂၂ ခုနှစ် တွင် တစ်နှစ် ပျမ်းမျှ လျှပ်စစ် ဓာတ်အား ကီလိုဝပ် နာရီ ၁၄၀၉ သန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်မည် ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ယနေ့ ပြောကြား ခဲ့သည်။

“အထက် ရဲရွာစီမံကိန်းက ထွက်ရှိလာမယ့် ဓာတ်အားတွေကို နိုင်ငံတော် ဓာတ်အား ကွန်ယက် စနစ် ကနေ တစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးနိုင်ပါမယ်၊ လူဦးရေ ၃ ဒသမ ၇ သန်း(တစ်နိုင်ငံလုံး လူဦးရေရဲ့ ၆ ဒသမ ၆ ရာခိုင်နှုန်းအတွက် လျှပ်စစ်ဓာတ်အား တိုးတက် ဖြန့်ဖြူးနိုင်မှာ ဖြစ်ပါတယ်၊ ၂၀၂၂ မှာ ပြီးစီး အောင်ကြိုးပမ်းနေပါတယ်” ဟု ယနေ့ ပြုလုပ်သော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။

တပ်ဆင်စက် အင်အား ၂၈၀ မဂ္ဂါဝပ်(၇၀ မဂ္ဂါဝပ် စက် လေးလုံး) ရှိသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၀ – ၁၁ ၌ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်း တစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်ကြာင်း၊ စီမံကိန်းအတွက် အလွန် အရေးပါသည့် ရေသွယ်ဥမင် လိုဏ် အမှတ် (၁)နှင့် အမှတ်(၂) တို့၏အပေါ်ခြမ်းများကို ၂၀၁၈ သြဂုတ်လ၌ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ဇွန်လ (၁) ရက် နေ့တွင် တိုးလျှိုပေါက် အောင်မြင်စွာ တူးဖော် ပြီးစီးခဲ့ကြောင်း၊ ထိုဥမင်များ၏ အောက်ပိုင်း အခြမ်း တူးဖော်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်လျက် ရှိပြီး အခြား ရေအား လျှပ်စစ်ဆိုင်ရာ ဆက်စပ် အဆောက်အအုံများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.