Connect with us

Africa & Middle East

ဂါနာ နိုင်ငံ၌ ကနေဒါ အမျိုးသမီးနှစ်ဦးအား ပြန်ပေးဆွဲမှုဖြင့် သံသယရှိသူ ၈ ဦးအား ဖမ်းဆီး

ဂါနာ နိုင်ငံ၏ မြို့ တော် အက်ခရာအား တွေ့ ရစဉ်(ဆင်ဟွာ)

အက်ခရာ ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ဂါနာ နိုင်ငံ၏ မြို့တော် အက်ခရာ မြောက်ပိုင်း ၂၈၀ ကီလိုမီတာ ကွာဝေးသော ကူမာစီ(Kumasi)မြို့တွင် ကနေဒါ အမျိုးသမီးငယ် နှစ်ဦးကို ပြန်ပေးဆွဲမှုဖြင့် သံသယရှိသူ ၈ ဦးအား ဂါနာ လုံခြုံရေး အရာရှိများက ဖမ်းဆီးထားကြောင်း ပြန်ကြားရေး ဝန်ကြီး Kojo Oppong Nkrumah က ဇွန် ၁၂ ရက် နှောင်းပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ သံသယ ရှိသူ ၈ ဦးတွင် ဂါနာ နိုင်ငံသား ၅ ဦး နှင့် နိုင်ဂျီးရီးယား နိုင်ငံသား ၃ ဦး ပါဝင်ကြောင်း ၊ ၎င်းတို့အား ကနေဒါ အမျိုးသမီး နှစ်ဦးကို ကယ်ဆယ်ရန် ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။

ကနေဒါ အမျိုးသမီး နှစ်ဦး ဖြစ်သော အသက် ၁၉ နှစ် အရွယ်ရှိသူ Bailen Chitty နှင့် အသက် ၂၀ အရွယ် ရှိသူ Lauren Patricia Catherine တို့သည် ဇွန် ၄ ရက်တွင် ပြန်ပေးဆွဲခံခဲ့ရပြီး ၎င်းတို့အား ပြန်ပေးသမားများက ဖမ်းဆီးထားသော ကူမာစီမြို့အနီးရှိ ကင်ညာစီ (Kenyasi)မြို့တွင် ဇွန် ၁၂ ရက် အစောပိုင်းတွင် ကယ်တင် နိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ သံသယ ရှိသူများသည် လုံခြုံရေး တပ်ဖွဲ့ကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း နှိမ်နင်းဖမ်းဆီးနိုင်ခဲ့ပြီး ပြန်ပေးဆွဲခံရသူများအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေး လုပ်ငန်းစဉ် တစ်ခုလုံးကို ဂါနာ အဖွဲ့က ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပြန်ပေးဆွဲခံရသူများကို အက်ခရာမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး ၎င်းတို့ ကြုံတွေ့ခဲ့ရသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအား ပြန်လည် မြှင့်တင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.