Connect with us

Europe

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်၏ ခရီးစဉ်မတိုင်မီ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်နှင့် တွေ့ဆုံရန် တောင်ကိုရီးယားနိုင်ငံ သမ္မတမျှော်လင့်

နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်တွင် ပြုလုပ်သော အော်စလိုဖိုရမ်ညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်အား တွေ့ရစဉ် (ဆင်ဟွာ)

အော်စလို၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-In) က ဇွန်လကုန်ပိုင်းတွင် ဆိုးလ်မြို့သို့ လာရောက်လည်ပတ်မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ခရီးစဉ်မတိုင်မီ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် တွေ့ဆုံရန် မျှော်လင့်ကြောင်း ဇွန်လ ၁၂ ရက်က ပြောကြားလိုက်သည်။

“ဖြစ်နိုင်မယ်ဆိုရင် ထရမ့်ရဲ့ တောင်ကိုရီးယားခရီးစဉ်မတိုင်မီ ဥက္ကဋ္ဌ ကင်နဲ့ တွေ့နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု နော်ဝေနိုင်ငံ မြို့တော် အော်စလိုတက္ကသိုလ်တွင် ပြုလုပ်သော အော်စလိုဖိုရမ်၌ မိန့်ခွန်းပြောကြားပြီးနောက် အမေးအဖြေကဏ္ဍတွင် မွန်က ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က ဥက္ကဋ္ဌကင်နဲ့တွေ့ဖို့ ဘယ်အချိန်ပဲဖြစ်ဖြစ် အမြဲအသင့်ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ တွေ့ဆုံဖို့ တိကျတဲ့အချိန်ကတော့ ဥက္ကဋ္ဌကင်ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်တယ်” ဟု မွန်က ဆိုသည်။

အမေရိကန် သမ္မတ ထရမ့်နှင့် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) တို့သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေး ဆွေးနွေးရန် ဇွန်လကုန်ပိုင်း၌ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ရန်လျာထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်ဂန် အော်တာဂတ်စ် (Morgan Ortagus) က ဇွန်လ ၁၀ ရက်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထရမ့်နှင့် ကင်တို့သည် ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ ဆွေးနွေးမှုအရှိန်အဟုန် ထိန်းသိမ်းရန် မဝေးတော့သည့်အချိန်တွင် တွေ့ဆုံရန်ရှိကြောင်း မွန်က ဆိုသည်။

မွန်သည် သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် နော်ဝေနိုင်ငံသို့ ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ ရောက်ရှိနေခြင်းဖြစ်သည်။ ၎င်းသည် နော်ဝေနိုင်ငံသို့ ပထမဆုံးချစ်ကြည်ရေးခရီးသွားရောက်သည့် တောင်ကိုရီးယား သမ္မတ တစ်ဦးဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117