Connect with us

Africa & Middle East

အီဂျစ်နိုင်ငံတွင် မီနီဘတ်စ် နှစ်စီးတိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် လူနာတင်ယာဉ်တစ်စီးအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ပိုင်း Helwan ရှိ အမြန်လမ်းမပေါ်တွင် ဇွန် ၁၂ ရက်က မီနီဘတ်စ် နှစ်စီး တိုက်မိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အချင်းဖြစ်ပွားပြီးနောက် အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနက လူနာတင်ယာဉ် ၁၂ စီး စေလွှတ်၍ ကူညီကယ်ဆယ်မှုများ ပြုစေခဲ့ကြောင်း၊ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပြီးဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယာဉ်သွားလမ်းများ နှစ်ပေါင်းများစွာ ပြုပြင်မှုမရှိခြင်း ၊ ယာဉ်မောင်း၏ ယာဉ်အန္တရာယ်လုံခြုံရေး အသိပညာ နည်းပါးခြင်းများကြောင့် အီဂျစ်နိုင်ငံတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် အီဂျစ်တွင် လူပေါင်း ၃၇၀၀ကျော် သေဆုံးခဲ့ပြီး ၁၄၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.