ဟယ်လ်စင်ကီ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့၏ ပထမအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်က ဖင်လန်နိုင်ငံ၏ မြို့တော်ဟယ်လ်စင်ကီတွင် ကျင်းပခဲ့သည်။ ထိုတွေ့ဆုံမှုနှင့်စပ်လျဉ်းပြီး နှစ်ဖက်စလုံးက အပြုသဘောဆောင်ကြောင်း ၊ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထရီပိုလီ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီမြို့ အရှေ့ပိုင်း ၁၂၀ကီလိုမီတာအကွာ၊ နိုင်ငံအနောက်ပိုင်း ဇူဝါရာမြို့ တွင် အလုံပိတ်ထားသည့် ကုန်တင်ကားတစ်စီး အတွင်း အသက်ရှူကြပ်သေဆုံးနေသည့် တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၈ဦး၏ ရုပ်အလောင်းများကို လစ်ဗျားလုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင် ၁၆ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း...
ဘေရွတ် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) လက်ဘနွန် နိုင်ငံ သမ္မတ Michel Aoun က ဇူလိုင်လ ၁၆ ရက် ၌ အမေရိကန် နိုင်ငံ ၏ အီရန် နျူကလီးယား အရေး ဘက်စုံသဘောတူညီမှု စာချုပ် မှ နုတ်ထွက်...
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ၊ မဟာအစပထမ ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုကြောင့် အလောင်းပြန်လည်တွေ့ရှိသူ ၁၇ဦးထိရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကထုတ်ပြန်သော သတင်းအရ သိရသည်။
ဒမတ်စကပ်စ် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဇူလိုင်လ ၁၆ ရက် တွင် နိုင်ငံ တောင်ပိုင်း Daraa ပြည်နယ် ၌ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ အား ဆက်လက်...
ဝါရှင်တန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတရားဌာန(DOJ) က အမေရိကန်နိုင်ငံ၏ နိုင်ငံရေး၌ ဝင်ရောက်ခြေရှုပ်ရန် ကြိုးပမ်းနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရုရှားလူမျိုး အမျိုးသမီးတစ်ဦးကို ဇူလိုင် ၁၆ ရက်တွင် ဖမ်းဆီးတရားစွဲဆိုလိုက်ကြောင်း သိရသည်။
နေပြည်တော် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး ကျင်းပနိုင်မှု နှင့် အတူ ရလဒ် ကောင်းများ ထွက်ပေါ်လာခဲ့ခြင်းသည် ငြိမ်းချမ်းရေး ဖြစ်စဉ် ရှေ့သို့ ဆက်လက်ပြီး ရွေ့နေသည် ဆိုသည့် သင်္ကေတ တစ်ခု ဖြစ်ကြောင်း...
ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများဆောင်ရွက်နေကြောင်း အကြောင်းကြားရန် ထပ်မံနှိုးဆော်ချက်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်တွင် ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းက ထရပ်ကားနှင့် ခရီးသွားဘတ်စ်ကား တိုက်မိခဲ့ရာ လူ အနည်းဆုံး ၁၇ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း Urdu မီဒီယာက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။