Connect with us

Social

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ အိုးလုပ်ငန်းအား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းပြုစု

အိုးလုပ်ငန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မေ ၂၈ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဆွဲဒလွဲကျေးရွာအုပ်စု ပုဇွန်မြောင်းကျေးရွာ မိရိုးဖလာ အိုးလုပ်ငန်းအား ယမန်နေ့က ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ကောက်ယူ ပြုစုခဲ့ကြောင်း သိရသည်။

စာရင်းပြုစုရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊သာသနာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ ပူးပေါင်း ဆောင်ရွက်ကြပြီး အိုးလုပ်ငန်း စတင်အသုံးပြုခဲ့ပုံ၊ အသုံးပြုသည့်ကုန်ကြမ်း ပစ္စည်းအမျိုးအစားများ၊ မြေထည်အိုးများ လုပ်ကိုင်ပုံအဆင့်ဆင်၊့ ထွက်ရှိသည့်မြေထည်အိုး အမျိုးအစားများ၊ ထွက်ရှိသည့် မြေထည်အိုးများ သုံးစွဲမှုအခြေအနေ၊ ရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေ၊ ရိုးရာအိုးလုပ်ငန်းအား လက်ဆင့်ကမ်း လုပ်ကိုင်မှု အခြေအနေများ စသည့် အချက်အလက်များကို စာရင်းပြုစု၍ ပြုလုပ်ပုံ အဆင့်ဆင့်အား ဓာတ်ပုံရိုက်ကူးခြင်း၊ ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်းများ ဆောင်ရွက်ကြသည်။ ကောက်ယူပြုစုထားသော အချက်အလက်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပဲခူးဌာနခွဲ) သို့ ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါမြေအိုးလုပ်ငန်းမှ သဲအိုး၊ ရေအိုးနီ၊ ဘုံဘိုင်ခေါင်းပါရေအိုး၊ သောက်တော်ရေအိုး၊ ဘုရားပန်းအိုး၊ ပေါင်းချောင်အိုး၊ ပန်းစိုက်အိုး၊ ဖျဉ်းအိုး၊ ခွက်ဝင်အိုး၊ မယ်ဒန်အိုး၊ မော်ဒယ်အိုး(ပန်းရိုက်အိုး)၊ နှင်းပုလဲအိုး၊ သပိတ်၊ စုဘူး၊ ရေတကောင်းနှင့် ကလေးကစားစရာ အိုးပုတ်များ ထွက်ရှိကာ အနီးအနားမြို့များ အပြင် ရန်ကုန်၊ မန္တလေးမြို့ကြီးများ အထိပါ အသုံးပြုလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.