၂၇.၆.၂၀၁၈. တတိယပွဲ – ပွဲပြီးရလဒ် အုပ်စု E ဘရာဇီးလ် ၂ – ဝ ဆာဘီးယား (၃၆’,၆၈’) အုပ်စု E မှာ တော့ ဘရာဇီးလ်က သုံးပွဲကစား နှစ်ပွဲနိုင်တစ်ပွဲသရေ ၇ မှတ်နဲ့ အုပ်စု ပထမရကာ ၁၆ သင်းရှုံးထွက် နောက်တစ်ဆင့်ကို...
နေပြည်တော်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် လိုအပ်လျက်ရှိသော ရောဂါထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ယွမ်ငွေ သန်း လေးရာ အကုန် အကျခံ တည်ဆောက် ပေးမည့် စီမံကိန်း သဘောတူ စာချုပ်ကို ယနေ့နံနက်ပိုင်းက...
ဘာလင်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ မြောက်ပိုင်း Bremen မြို့ရှိ လူနေအဆောက်အဦတစ်ခုတွင် ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် တုန်ခါသွားခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မိုးလယ်ကာလ တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ထုတ်ပေးထားသော လမ်း/တံတား အသုံးပြုခ ကင်းလွတ်ခွင့်ကတ်ပြား အတုများပြုလုပ်နေသဖြင့် ကင်းလွတ်ခွင့်ကတ်ပြား အတုများကို ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြောညာချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် လိုဏ်ဂူအတွင်း ပိတ်မိနေကြသည့် လူငယ် ၁၃ဦးအား ကယ်ဆယ်ရေးတွင် မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်၊ ဇူလိုင်လ လပတ်၊ ဇူလိုင်လ ပထမ(၁၀) ရက်ပတ်နှင့် မိုးလယ်ကာလ ယေဘုယျ မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ၏ ပြည်ပငွေကြေးလဲလှယ်မှုဈေးကွက် ၌ ဒေါ်လာဈေးသည် တစ်ဒေါ်လာ ၁၃၂၄ ကျပ်ခန့်မှစပြီး တအိအိမြင့်တက်လာခဲ့ရာ ဇွန်လကုန်ပိုင်းတွင်မူ ယနေ့တစ်ဒေါ်လာ ၁၃၉၅ ကျပ် အထိ စံချိန်သစ်တင် ၍ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
နိုင်ရိုဘီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့လယ်ရှိ အကြီးဆုံး Gikomba လေဟာပြင်ဈေးတွင် ဇွန်လ ၂၈ ရက်အရုဏ်တက်ချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားသူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
ပေကျင်း ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွင်းရေးမှူးဌာနများ၊ ညှိနှိုင်းဆောင်ရွက်ရေးရုံးများ ၏ လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ကျန်းကျိုက်တုန်း ၊...