Connect with us

Africa & Middle East

အမေရိကန်ဖိအားများအပေါ် လက်မြှောက်အရှုံးပေးမည်မဟုတ်ကြောင်း အီရန်ပြော

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရာစ် အားတွေ့ ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မေ ၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရာစ် (Mohammad Javad Zarif) က အီရန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဖိအားပေးနေမှုများအပေါ် မည်သည့်အခါမျှ လက်မြှောက်အရှုံးပေးသွားမည်မဟုတ်ကြောင်း မေ ၂ ရက်တွင် ပြောကြားခဲ့သည်။

“အမေရိကန်ဖိအားတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့လမ်းကြောင်းတစ်ခု ရှာနေပါတယ်။ ကျွန်တော်တို့ဟာ နှစ်ပေါင်း ၄ဝ လောက် အဲဒါတွေကို ကျော်ဖြတ်ခဲ့ပြီးပြီ။ အခုလည်း ဆက်လုပ်သွားမှာပဲ” ဟု ဇာရာစ်က ကာတာနိုင်ငံဒိုဟာမြို့၌ မေ ၂ ရက်တွင် ပြောကြားခဲ့သည်။

ဒိုဟာမြို့၌ကျင်းပသည့် အာရှပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲ ၁၆ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးသို့တက်ရောက်နေသော ဇာရာစ်က အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ်ဝါဒသည် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အမှန်တကယ်ဖြစ်တည်နေသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် ၂ဝ၁၈ ခုနှစ် မေလတွင် အီရန်ဆိုင်ရာ နိုင်ငံတကာနျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်သွားခဲ့ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။

နောက်ပိုင်းတွင် အီရန်ထံမှ ရေနံဝယ်ယူနေသော နိုင်ငံများကိုလည်း နောက်ထပ်ဝယ်ယူတင်သွင်းခြင်း မပြုရန် အမေရိကန်က တားမြစ်ခဲ့ပြီး အီရန်၏ ရေနံတင်ပို့မှုကို သုညရာခိုင်နှုန်းအထိ ရောက်ရှိစေရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.