Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ ရှေ့နေချုပ်က သမ္မတဟောင်းအား စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်

ဆူဒန်နိုင်ငံသမ္မတ(ဟောင်း) Omar al-Bashir အားတွေ့ ရစဉ်(ဆင်ဟွာ)

ခါတွမ် ၊ မေ ၃ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ ယာယီရှေ့နေချုပ် Al-Waleed Sid-Ahmed Mahmoud က ရာထူးမှ ဖယ်ရှားခံရသော သမ္မတဟောင်း Omar al-Bashir အား ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်အဖွဲ့အားငွေကြေးထောက်ပံ့မှု တို့ဖြင့် တရားစွဲဆိုသွားရန် မေ၂ ရက်က တရားရုံးအား အမိန့်တစ်ရပ် ပေးခဲ့သည်ဟု တရားရေးဝန်ကြီးက ဆိုသည်။

“ နိုင်ငံတော် ယာယီရှေ့နေချုပ် AL-Waleed Sid-Ahmed က သမ္မတဟောင်း Omar Hassan Ahmed al-Bashir ကို နိုင်ငံခြားငွေကြေးကိုင်ဆောင်မှုအက်ဥပဒေ ၆/၁ အရ ပြစ်မှုကျူးလွန်ခြင်း နဲ့ဥပဒေပုဒ်မ ၁၅ အရ ငွေကြေးခဝါချခြင်း နဲ့အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့ခြင်း ပြစ်မှုတွေနဲ့တရားစွဲဆိုသွားဖို့ညွှန်ကြားခဲ့ပါတယ်” ဟု တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရှေ့နေချုပ်က ယခင်အစိုးရအရာရှိများ၏ သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုလမ်းကြောင်းများကိုလည်း စတင်စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဝန်ကြီးဌာနအား ညွှန်ကြားခဲ့သလို မေ ၁ ရက်တွင်လည်း သမ္မဟောင်းလက်ထက်က အစိုးရတာဝန်ရှိပုဂ္ဂိုလ်အချို့၏ ပိုင်ဆိုင်မှုအချို့ကို သိမ်းယူရန် ညွှန်ကြားခဲ့သေးသည်။

ပြီးခဲ့သော ဧပြီ ၁၆ ရက်က ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေးစစ်ကောင်စီ(TMC) ဥက္ကဋ္ဌ Abdel-Fattah Al-Burhan သည် ယခင်ရှေ့နေချုပ် Omer Ahmed Mohamed နှင့် ထိပ်တန်းအစိုးရရှေ့နေ နှစ်ဦးကို ရာထူးမှ ဖယ်ရှားခဲ့သည်။

TMC သည် သမ္မတဟောင်း Bashir ထံမှ နိုင်ငံ့အာဏာသိမ်းယူခဲ့ပြီး တိုင်းပြည်အရေးကိစ္စရပ်များကို စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.