Connect with us

Social

မြန်မာ နိုင်ငံ ICT နယ်ပယ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် Huawei မှ ထူးချွန် ကျောင်းသား/သူ များ အား တတိယ အကြိမ်မြောက် လေ့လာရေး ခရီး စေလွှတ်

၂၀၁၉ ခုနှစ် Seeds For the Future အစီအစဉ် ထုတ်ပြန်ကြေညာခြင်း အခမ်းအနား အခမ်းအနား တွင် စုပေါင်း အမှတ်ရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ICT နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး ကို ဦးတည်၍ Huawei ကုမ္ပဏီ အနေဖြင့် နှစ်စဉ် ဆောင်ရွက် နေသည့် အစီးအစဉ် များ အနက် တစ်ခု ဖြစ်သော Seeds For the Future အစီအစဉ် ဖြင့် မြန်မာနိုင်ငံတစ်ဝန်း ရှိ ကွန်ပျူတာ နှင့် နည်းပညာ တက္ကသိုလ်များ မှ ထူးချွန် ကျောင်းသား/သူ များ ကို တရုတ် နိုင်ငံ သို့ သွားရောက် လေ့လာရန် ယနေ့တွင် တတိယ အကြိမ်မြောက် ထပ်မံ ရွေးချယ် ကြေညာ ပေးခဲ့သည်။

ရွေးချယ် ခံရသည့် ထူးချွန် ကျောင်းသား/သူ ၁၀ ဦး သည် မေလ ၄ ရက် မှ ၁၇ ရက် ထိ တရုတ် နိုင်ငံ ရှန်းကျန်း မြို့ ရှိ Huawei ရုံးချုပ် တွင် 5G ၊ LTE နှင့် cloud computing စသည့် နောက်ဆုံးပေါ် နည်းပညာများကို သွားရောက် လေ့လာခွင့် ရရှိမည် ဖြစ်ကြောင်း ၊ ကျောင်းသား/သူ များ အနေဖြင့် Huawei ၏ အဆင့်မြင့် လက်တွေ့ စမ်းသပ်ခန်းများ မှ အဆန်းသစ်ဆုံး နောက်ဆုံးပေါ် solution များကိုလည်း လေ့လာခွင့် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ နိုင်ငံ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် ဒုတိယဥက္ကဌ ဒေါက်တာ ညီလှငယ် က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် ဒုတိယဥက္ကဌ ဒေါက်တာ ညီလှငယ် က အခမ်းအနား ၌ အဖွင့်အမှာ စကား ပြောကြားရာတွင် Huawei ကုမ္ပဏီ အနေဖြင့် နှစ်စဉ် မြန်မာ နိုင်ငံ ကျောင်းသား/သူ များ အား တရုတ် နိုင်ငံ သို့ လေ့လာရေး ခရီး စေလွှတ်ပေးခဲ့ပြီး ယခု အကြိမ် မှာ တတိယ အကြိမ်မြောက် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ သမ္မတဟောင်း ဦးထင်ကျော် က ထိပ်တန်း အစည်းအဝေး တစ်ခု တွင် Huawei ကုမ္ပဏီ ၏ မြန်မာ နိုင်ငံ ICT နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီထောက်ပံ့မှုများ နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆောင်ရွက်မှုများ အပေါ် ကျေးဇူတင် ချီးမွမ်းသည် ဟု မှတ်ချက်ပြုခဲ့ဖူးကြောင်း ၊ ရှေ့ဆက်၍လည်း မြန်မာ နိုင်ငံ က ထူးချွန် ကျောင်းသား/သူ များအနေဖြင့် Huawei ကုမ္ပဏီ ၏ အဆင့်မြင့် ICT နည်းပညာ အား လေ့လာသင်ယူရန် အတွက် အခွင့်အရေးများ ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဌ ဒေါက်တာ ဇော်ဝေစိုး က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဌ ဒေါက်တာ ဇော်ဝေစိုး က အမှာစကား ပြောကြားရာတွင် ၂၀၁၉ ခုနှစ် Seeds For the Future အစီအစဉ် တွင် ရွေးချယ်ခံရသည့် ကျောင်းသား/သူ များအား ဂုဏ်ပြုကြောင်း ၊ Seeds For the Future အစီအစဉ် က မြန်မာ နိုင်ငံ ပါမောက္ခချုပ်များ ကော်မတီ နှင့် Huawai ကုမ္ပဏီ အကြား ရေးထိုးခဲ့ကြသည့် ပူးပေါင်းဆောင်ရွက် ကြမည့် ကဏ္ဍ(၆) ခု အနက် မှ တစ်ခု အပါအဝင် ဖြစ်ကြောင်း ၊ ရွေးချယ် ခံခဲ့ရသည့် ကျောင်းသား/သူ များက မြန်မာ နိုင်ငံ ICT နယ်ပယ် အတွက် အနာဂတ် များ ဖြစ်ကြပြီး ယခုချိန် မှ စတင်၍ ပိုမို ကြိုးစား အားထုတ်ကြရန် လိုအပ်ကြောင်း ၊ ကျောင်းသား/သူ များ အနေဖြင့် Huawei ၏ အဆင့်မြင့် ICT နည်းပညာများ ကို လေ့လာခွင့် ရရှိမည် ဖြစ်ပြီး ယင်းက မြန်မာ နိုင်ငံ ICT နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ Huawei ကုမ္ပဏီ ၏ စီစဉ် ဆောင်ရွက်ပေးခြင်း အပေါ်လည်း ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

Huawei (Myanmar) ၏ CEO မစ္စတာ ကျန်းလီမန် (Mr.Zhang Liman) က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

Huawei (Myanmar) ၏ CEO မစ္စတာ ကျန်းလီမန် (Mr.Zhang Liman) က မြန်မာ နိုင်ငံ ကျောင်းသား/သူ များ အနေဖြင့် နောက်ဆုံးပေါ် ICT ဆန်းသစ်တီထွင်မှု များ လေ့လာ နိုင်စေရန် အတွက် Huawei အနေဖြင့် တက်နိုင်သမျှ ပံ့ပိုးပေးခဲ့ကြောင်း ၊ အနာဂတ် ဒစ်ဂျစ်တယ် ကမ္ဘာတည်ဆောက် နိုင်ရန် အတွက် မျိုးဆက်သစ်လူငယ်များ က အကောင်းဆုံး မျှော်လင့်ချက်ဖြစ်ပြီး အလားအလာ ရှိသူ များကို မွေးထုတ်ပေးခြင်း က မြန်မာ နိုင်ငံ ရဲ အလားအလာ ကောင်းများကို တိုးတက်စေနိုင်မည် ဖြစ်ကြောင်း ၊ ကျောင်းသား/သူ များ အနေဖြင့် တစ်နေ့ တွင် မြန်မာ နိုင်ငံ ICT အခင်းအကျင်း ကို အဆင့်မြှင့်တင်ပေး မည့် ICT ကျွမ်းကျင် ပညာရှင်များ ဖြစ်လာရန် Huawei က မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

Seeds For the Future အစီအစဉ် တွင် ရွေးချယ် ခံရသည့် ကျောင်းသား/သူ များ ကိုယ်စား မပွင့်ဖြူသဲခိုင် ကျေးဇူတင် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် Seeds For the Future အစီအစဉ် ထုတ်ပြန်ကြေညာခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

Seeds For the Future အစီအစဉ် တွင် ရွေးချယ် ခံရသည့် ကျောင်းသား/သူ များ ကိုယ်စား မပွင့်ဖြူသဲခိုင် က “ဒီလို တန်ဖိုးရှိပြီး ရခဲသည့် အခွင့်အရေး က ကျွန်မတို့ ၏ အနာဂတ် အသက်မွေးဝမ်းကျောင်း လုပ်ငန်း နှင့် ပညာလေ့လာဆည်းပူးရေး ကို များစွာ အထောက်အကူ ဖြစ်စေမည် ဟု ယုံကြည်ကြောင်း ၊ ယခု အစီအစဉ် က လေ့လာရရှိခဲ့သည့် ကျွမ်းကျင်မှုများကို အသုံးပြုပြီး ဒစ်ဂျစ်တယ် မြန်မာ နိုင်ငံ တည်ဆောက်ရာ တွင် ပိုမို ထိထိရောက်ရောက် ပါဝင်ပေးနိုင်မည်” ဟု ယူဆကြောင်း ပြောကြား ခဲ့သည်။

Seeds For the Future အစီအစဉ် အား မြန်မာ နိုင်ငံ တွင် ၂၀၁၇ ခုနှစ် က စတင်ဆောင်ရွက် ခဲ့ပြီး နှစ်စဉ် မြန်မာ နိုင်ငံ တက္ကသိုလ် အသီးသီး မှ ICT နယ်ပယ် ထူးချွန် ကျောင်းသား/သူများ ကို ရွေးချယ် ၍ တရုတ် နိုင်ငံ သို့ လေ့လာရေး သွားရောက်ပြုလုပ်စေခဲ့ကြောင်း ၊ ယင်းအစီအစဉ် အား မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန ၊ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ၊ ပါမောက္ခချုပ်များ ကော်မတီ နှင့် Huawei တို့ မှ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန် အထိ မြန်မာ နိုင်ငံ ကျောင်းသား/သူ ၃၀ ဦး အပါအဝင် ကမ္ဘာအနှံ့အပြားရှိ တက္ကသိုလ်ပေါင်း ၄၀၀ ကျော် မှ ကျောင်းသား/သူ ပေါင်း ၄,၅၀၀ ကျော် ကို ရွေးချယ် စေလွှတ်ခဲ့ ပြီဖြစ်ကြောင်း သိရှိရသည်။(Xinhua)