ဘဂ္ဂဒက်၊ ဇွန် ၆ ရက်(ဆင်ဟွာ) ISအစွန်းရောက်အဖွဲ့ကို ချေမှုန်းရန် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာမဟာမိတ်အဖွဲ့သည် ဇွန် ၅ ရက်က အီရတ်နိုင်ငံ အနောက်ပိုင်း Al Anbarပြည်နယ်ရှိ IS စခန်းတစ်ခုကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့က ဇွန်လ ၅ ရက် ညပိုင်း အချိန် တွင် မော်စကို မြို့ ၌ “တရုတ်...
ဘန်ကောက် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၏ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha)ကို ဝန်ကြီးချုပ် အသစ်အဖြစ် ရွေးချယ်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Chuan Leekpai က ဇွန် ၅ ရက်နောင်းပိုင်းတွင် ကြေညာခဲ့သည်။
ရောမ ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ စစ္စလီမြို့၌ ဇွန် ၅ ရက်က လမ်းဘေးဈေးတစ်ခုတွင် ဓာတ်ငွေ့စလင်ဒါတစ်လုံး(ဂါတ်စ်အိုး) ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှု ၁၈၄၅မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတွင် ဖော်ပြထားသည်။
ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက စီးပွားဖြစ်အသုံးပြုရန် 5G အင်တာနက် လိုင်စင်များကို ယနေ့( ဇွန် ၆ ရက်)တွင် စတင်ချပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ခုကို နိုင်ငံတကာအဆင့်မီမြှင့်တင်ပြီး one stop service ရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြိုးမင်းသိန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မော်စကို၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးညှိနှိုင်းမှုအား ခေတ်သစ်ဆီသို့ ဆောင်ကြဉ်းရန် မျှော်မှန်းထားသည့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇွန်လ ၅ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (မူကြမ်း) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့၊ နံနက်(၈)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
ဂတ်ဘရွန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဘော့စ်ဝါနာနိုင်ငံရှိ ဂေဟစနစ်ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုက နမီးဘီးယားနိုင်ငံ၊ ဇမ်ဘီးယားနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံတို့ရှိ ၎င်းတို့၏ လုပ်ငန်းများတွင် တစ်ခါသုံးပလတ်စတစ်သုံးစွဲမှု ဖယ်ရှားပြီး ဧည့်သည်များအတွက် ပြန်လည် အသုံးပြုနိုင်မည့်ပုလင်းများ ထောက်ပံ့ပေးမည့်အစီအစဉ်အား ဇွန်လ ၃ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။