Connect with us

Politics

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက် နှင့် မူဆယ် တွေ့ဆုံဆွေးနွေးမှုများ အပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြိုဆိုကြောင်း ထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ အမှတ်တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Chinese Embassy in Myanmar)

ရန်ကုန် ၊ မေ ၃ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးက မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည့် သက်ဆိုင်ရာ ထုတ်ပြန်ချက် နှင့် မူဆယ် တွေ့ဆုံဆွေးနွေးပွဲတွင် အပြုသဘော ဆောင်သည့် ရလဒ်များ ရရှိခြင်း အပေါ် ကြိုဆိုကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် ဧပြီလ ၃၀ရက်တွင် အပစ်အခတ် ရပ်စဲရေး ကာလအား ဇွန်လ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့ကြောင်း ၊ ထိုနေ့အစောပိုင်းတွင်ပင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် KIA၊ MNDAA၊ TNLA နှင့် AA တို့သည် မူဆယ်မြို့၌ အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ၊ ယင်းသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှန်ကန်သည့် လားရာသို့ ဦးတည်၍ အပြုသဘောဆောင်သည့် တိုးတက်မှုများ ရရှိနေသည်ကို ဖော်ပြနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဘက်အသီးသီးတို့၏ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွန်းအားပေးရေး အတွက် မလျှော့သော ဇွဲဖြင့် ကြိုးပမ်း ဆောင်ရွက်မှု များကို ချီးကျူးကြောင်း ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် ပတ်သက်သော သက်ဆိုင်ရာ ဘက်အသီးသီးတို့မှ ဆက်လက်ထိန်းချုပ်ပြီး တိုက်ခိုက်မှုများ ရပ်စဲ၍ ပဋိပက္ခ အခြေအနေများ ထပ်မံ မဖြစ်ပွား စေရန် မျှော်လင့်ကြောင်း ၊ တစ်ချိန်တည်းတွင် နိုင်ငံရေးဆွေးနွေးမှုများကို ထပ်ဆင့်တိုးမြှင့်ဆောင်ရွက်ပြီး အပစ်အခတ် ရပ်စဲရေးကာလအတွင်း၌ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လက်တွေ့ကျသော တိုးတက်မှုအသစ်များ ရရှိနိုင်ရန်လည်း မျှော်လင့်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစိုက်မတ်မတ် ထောက်ခံ အားပေးလျက် ရှိပြီး မြန်မာ နိုင်ငံ၏ လိုအပ်ချက် နှင့်အမျှ အပြုသဘော ဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ကာ မြန်မာ နိုင်ငံနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်၍ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးကို အတူတကွ ကာကွယ် ထိန်းသိမ်းရန် ဆန္ဒရှိကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။(Xinhua)