ဝါရှင်တန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံမြောက်ပိုင်းကျွန်း Kawhia ကမ်းခြေအနီး တွင် ဇွန်လ ၆ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်ရပ်ကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မနီလာ၊ ဇွန် ၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းအတွင်းရှိ Sultan Kudaratပြည်နယ်၌ ဇွန် ၆ ရက်က ပြင်းအား ၅.၂အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဖိလစ်ပိုင်နိုင်ငံ မြေငလျင်ပညာအသင်းအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) မိုးကုတ်မြို့တွင် ယနေ့ နံနက် (၂) နာရီခန့်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ် (၂) လုံးပြိုကျပျက်စီးပြီး လူ (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မော်စကို၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၇၀ ပြည့်မြောက်မှု အထိမ်းအမှတ်ကျင်းပရန် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဆင်ဟွာနှင့် TASS သတင်းအေဂျင်စီတို့က ပူးတွဲဓာတ်ပုံပြပွဲတစ်ခုအား ဇွန်လ ၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် လူ ၂၂ ဦးသေ၊ ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတွင် ဖော်ပြထားသည်။
နေပြည်တော်၊ ဇွန် ၆ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်နေ့မှ ဇွန်လ ၆ ရက် ၊ ယနေ့အထိ ကျင်းပခဲ့သော ဒုတိယ အကြိမ် အမျိုး သား လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်း...
မော်စကို၊ ဇွန် ၆ ရက်(ဆင်ဟွာ) ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ရုရှားနိုင်ငံတို့၏ခေါင်းဆောင်များ က ခေတ်သစ်ဆီသို့တက်လှမ်းနိုင်ရန်အတွက် နှစ်နိုင်ငံမဟာဗျူဟာမြောက် လက်တွဲဆွေးနွေးဖက်များ အဖြစ်ရပ်တည်လာနိုင်စေရန်နှစ်နိုင်ငံအကြားဆက်ဆံရေးများကိုအဆင့်မြှင့်တင်သွားကြမည်ဖြစ်သည် ဟု ဇွန်လ ၅ ရက်တွင်သဘောတူခဲ့ကြပေသည်။သဘောတူညီချက်အား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် တို့နှစ်ဦး၏ဆွေးနွေးပွဲတွင်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၈ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် ၁.၁၅သန်းခန့် ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတွင် ဖော်ပြထားသည်။
မော်စကို၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ခေတ်သစ်တစ်ခုအတွက် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုရှိသော မိတ်ဖက်ဆက်ဆံရေးတစ်ခုဆီသို့ ၎င်းတို့၏ ဆက်ဆံရေးအား မြှင့်တင်ရန် ဇွန်လ ၅ ရက်က သဘောတူညီခဲ့ကာ ကမ္ဘာကြီးတည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် အထောက်အကူပြုသော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဇာတ်ခုံသစ်ဖွင့်လှစ်လိုက်ပေသည်။
ဟာဘင် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) တရုတ် နှင့် ရုရှား နိုင်ငံတို့သည် မြစ်အတွင်း တရားမဝင် ငါးခိုးဖမ်းမှုများကို နှိမ်နင်းရန် ရည်ရွယ်၍ ဟီလောင်မြစ်(Heilong) သို့မဟုတ် ရုရှားနိုင်ငံရှိ အမ္မာမြစ်(Amur) ထဲ၌ လုပ်ဆောင်ခဲ့သော ပူးတွဲကင်းလှည့်ရေး အစီအစဉ်တစ်ခုကို ဇွန် ၅ ရက်တွင် အဆုံးသတ်လိုက်ကြောင်း...