ဝါရှင်တန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်အနီးတွင် ဇွန် ၂ ရက် ညပိုင်းက အမျိုးသားတစ်ဦးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးသမားများက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိနေသော ဆင်ဟွာသတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့သည်။
ရန်ကုန်၊ ဇွန် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအကအနုပညာရှင်အဖွဲ့သည် ဇွန် ၂ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ ယူနန်ဘုံကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ကပြခဲ့ကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး မစ္စတာ ယွီပြင်းကျန်း(Yu Bianjiang) နှင့်အတူ ဖိတ်ကြားထားသော မြန်မာနိုင်ငံ...
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း ဇွန် ၁ ရက် နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ဇွန် ၁ ရက်က ငွေကျပ် သိန်း ၁၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂါဇ်နီ ၊ အာဖဂန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇ်နီပြည်နယ်(Ghazni) ၌ ရဲစခန်းတစ်ခုအား ကားတစ်စင်းဖြင့် အသေခံဗုံးခွဲဝင်ရောက်တိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး အခြား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ) တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ တရုတ်နိုင်ငံ၏ရပ်တည်ချက် ဟူသော စက္ကူဖြူကြေညာချက်ကို တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ဇွန် ၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို လေးစားရမည်ဖြစ်ကြောင်း၊ နှစ်ဖက် သဘောတူညှိနှိုင်းချက်များမှာ တရားမျှတမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိသင့်ကြောင်း...
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာ တောင်ငူ-လွိုင်ကော်ကားလမ်း မိုင်တိုင်(၁၆/၄-၅)ကြား၌ ယာဉ်တိုက်မှုကြောင့် ၃ ဦး သေ၊ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် မေ ၃၁ ရက်က ကျပ် ၆၇၁၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
လီဗာပူး ၊ ဇွန် ၂ ရက် ဇွန် ၁ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်၌ အနိုင်ရရှိခဲ့သော လီဗာပူးဘောလုံးအသင်း၏ ဇွန် ၂ ရက် အိမ်အပြန်ခရီးစဉ်အား ပရိသတ် ၅ သိန်းကျော်ဖြင့် ကြိုဆိုဂုဏ်ပြုရန် လီဗာပူးမြို ့တော် တာဝန်ရှိသူများက စီစဉ်ထားကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးက ယနေ့(ဇွန် ၂ ရက်)တွင် တရုတ်-အမေရိကန် စီးပွားရေး နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများဆိုင်ရာ ကဏ္ဍစုံပါဝင်သည့် စက္ကူဖြူကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းဆွေးနွေးမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။(Xinhua)