မာဇာ-အီ-ရှာရစ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် ရှိ ရဲစခန်းတစ်ခု အား ဧပြီလ ၁ရက် ညအချိန်တွင် တာလီဘန် စစ်သွေးကြွများဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၈ဦး သေဆုံးခဲ့ပြီး အခြားလူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်များက ဧပြီ ၂ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) အား ဧပြီလ ၁ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံပြီး အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှု စည်းမျဉ်းအပေါ် အခြေခံ၍...
လန်ဒန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ အိုလီဂန်နာဆိုးလ်ရှား(Ole Gunnar Solskjaer) က အသင်း၏ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ သည် ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ဖွယ်ရှိကြောင်း မကြာသေးမီက ထွက်ပေါ်ခဲ့သော ကောလာဟလနှင့်ပတ်သက်၍ ပေါ့ဘာ အနေဖြင့် မန်ယူအသင်းကို စွန့်ခွာသွားမည်မဟုတ်ကြောင်း ၎င်းအား ကတိပေးခဲ့သည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။
အယ်လ်ဂျီးရီးယား ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Abdelaziz Bouteflika သည် ဧပြီလ ၂၈ ရက် ၎င်း၏ သမ္မတ သက်တမ်း မကုန်မီ ရာထူးမှ နှုတ်ထွက် လိမ့်မည် ဖြစ်ကြောင်း သမ္မတရုံးမှ ထုတ်ပြန်သော ကြေညာချက် တစ်ခုအား...
နေပြည်တော်၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ ပေါ်ထွက်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီ ဒုတိယ...
လန်ဒန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ကလေးသူငယ် ၄သိန်း အပါအဝင် လန်ဒန်မြို့သားပေါင်း ၂သန်းကျော်သည် မသန့်ရှင်းသော လေကို ရှူရှိုက်နေရကြောင်း မြို့တော်ဝန် ဆာဒိခ်ခန်း ( Sadiq Khan) က ဧပြီ ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုလံဘို၊ ဧပြီ ၂ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန က နိုင်ငံတစ်ဝန်း အလွန်ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဒဏ်ကို လူ ၅၀,၀၀၀ကျော် ခံစားနေရကြောင်း ဧပြီ ၁ရက်တွင်ပြောကြားခဲ့သည်။
ပေါ့တ်လူးဝစ်္စ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) မောရစ်သျှနိုင်ငံ Rodriguesကျွန်း၏မြို့တော် Port Mathurin အရှေ့မြောက်ပိုင်း ပင်လယ်ပြင်တွင် ဧပြီ ၁ ရက် ညပိုင်းက ပြင်းအား ၆ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မဟူကျေးရွာ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ ကနီသစ်တောကြိုးဝိုင်းအနီး ပန်းချီငိုတောတိုက်အတွင်း တောမီးလောင်ကျွမ်း၍ လူ ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။