ဖနွမ်းပင် ၊ မတ် ၄ ရက် (ဆင်ဟွာ) အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတွင် ကမ္ဘောဒီးယားနှင့် စင်ကာပူနှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မတ်လ ၄ ရက်တွင် သံန္နိဋ္ဌာန်ချခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
နိုင်ရိုဘီ၊ မတ် ၄ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း Turkana ကောင်တီတွင် မတ်လ ၃ ရက် ညပိုင်းက ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က မတ်လ ၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ မတ်လ ၄ ရက်(ဆင်ဟွာ) ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သုံးနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၃၁,၃၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အတွင်းဖြေ ၆၈,၆၁၄ ဦး၊ အပြင်ဖြေ ၂၆,၃၂၆ ဦး၊ စုစုပေါင်း ၉၄,၉၄၀ ဦးတို့ ဝင်ရောက် ဖြေဆိုသွားမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကဘူးလ်၊ မတ် ၄ ရက်(ဆင်ဟွာ) ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် ကျင်းပသည့် အမေရိကန်နှင့် နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် သိသာ ထင်ရှားသည့်အောင်မြင်မှု မရရှိသေးကြောင်း ၊ ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း အာဖဂန်နိုင်ငံ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Mujahidက မတ်လ ၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ငမိုးရိပ်ချောင်းကမ်းပါး နေရာများအား အများပြည်သူ အနားယူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဘဏ္ဍာငွေလျာထား၍ အတည်ပြုချက် ရယူနိုင်ရေး စီစဉ်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ဒမတ်စကပ်စ်၊ မတ် ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ IS စစ်သွေးကြွများ ထိန်းချုပ်ထားသော ဧရိယာတစ်ခုကို အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က မတ် ၃ ရက်တွင် အဆိပ်သင့် အဖြူရောင်ဖော့စဖောရက်ဗုံးများ ဖြင့် တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးများ နှင့် ကလေးငယ်များ သေဆုံးခဲ့ကြောင်း SANA သတင်းဌာနက...
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူကြီးကြပ် စီမံခန့်ခွဲလျက်ရှိသည့် ပန်းခြံနှင့် အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ လုပ်ငန်းများကို ဘဏ္ဍာရေးနှစ် အလိုက် အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်လျှက် ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ပေကျင်း၊ မတ် ၄ ရက်(ဆင်ဟွာ) ခေတ်သစ် ပြည်ပကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် တာဝန်ယူမှုတာဝန်ခံမှုနှင့် အကျိုးဆောင်မှုအသစ်များ ရှိရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ အကြီးအကဲ ဝမ်ရှောင်ထောင်းက မတ်လ ၃ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC)...
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) စတင်ခြင်း (Strategic Plan 2019-2023 launching) အခမ်းအနားကို ရန်ကုန်မြို့ရှိ Pullman Hotel တွင် မတ်လ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။