Connect with us

Africa & Middle East

အမေရိကန်နှင့်နောက်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုတွင် သိသာထင်ရှားသည့် တိုးတက်အောင်မြင်မှု မရရှိသေးဟု အာဖဂန် တာလီဘန်များ ဆို

အတိုက်ခိုက်ခံရသော အာဖဂန်စစ်အခြေစိုက်စခန်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ မတ် ၄ ရက်(ဆင်ဟွာ)

ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် ကျင်းပသည့် အမေရိကန်နှင့် နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် သိသာ ထင်ရှားသည့်အောင်မြင်မှု မရရှိသေးကြောင်း ၊ ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း အာဖဂန်နိုင်ငံ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Mujahidက မတ်လ ၃ ရက်တွင် ပြောကြားခဲ့သည်။

ထိလွယ်ရှလွယ်သော အရေးကိစ္စများကို သတိထားပြီး ဖြေးဖြေးချင်းညှိနှိုင်းဆောင်ရွက်နေရသည်ဟု Mujahidက မတ်လ ၃ ရက်တွင်ပြောကြားခဲ့ကြောင်း သိရသည်။ ပြည်ပစစ်တပ်များ အာဖဂန်မှ ရုပ်သိမ်းသွားရန်နှင့် အာဖဂန်ပိုင်နက်ကို အသုံးပြုပြီး အခြားနိုင်ငံများအား အန္တရာယ်ပေးမှုမရှိစေရန် စသည့်အရေးကိစ္စများကို အသေးစိတ်ဆွေးနွေးဆဲဖြစ်ရာ မူကြမ်းသဘောတူညီချက်အပေါ် သဘောတူညီမှု မရှိသေးကြောင်း သိရသည်။

ယခုကျင်းပသည့် ဆွေးနွေးပွဲကို ဒိုဟာမြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်က စတင်ကျင်းပခဲ့ခြင်းသည်။ ဇန်နဝါရီ လကုန်ပိုင်းက ဒိုဟာမြို့ တွင် အမေရိကန် အစိုးရနှင့် အာဖဂန် တာလီဘန်ကိုယ်စားလှယ် များအကြား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ အာဖဂန် အပစ်အခတ်ရပ်ဆဲရေးကိစ္စတွင် တိုးတက်မှုရရှိခဲ့ကြောင်း သိရသည်။ ၂၀၀၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် 9/11 အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် အာဖဂန်အား စစ်ရေးအရတိုက်ခိုက်မှုများပြုလုပ်ကာ အယ်လ်ကိုင်းဒါးအဖွဲ့ကို အကာအကွယ်ပေးသည်ဟု အမေရိကန်က ယူဆထားသည့် တာလီဘန်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။ စစ်ပွဲအပြီး အာဖဂန်၏အခြေအနေမှာ တည်ငြိမ်မှုမရရှိခဲ့ဘဲ ယခုနှစ်ပိုင်းများတွင် တာလီဘန်တို့ အင်အား အဆက်မပြတ် ကြီးထွားလာခဲ့ရာ အမေရိကန် အစိုးရအနေဖြင့် ၎င်းတို့နှင့်ဆွေးနွေးညှိနှိုင်းရန် ရွေးချယ်ခဲ့ရကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117