Connect with us

Education & Health

မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) အခမ်းအနားကျင်းပ

မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ--ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) စတင်ခြင်း (Strategic Plan 2019-2023 launching) အခမ်းအနားကို ရန်ကုန်မြို့ရှိ Pullman Hotel တွင် မတ်လ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ နယ်ပယ်အတွက် အဓိက အင်အားလက်ရုံး တစ်ခုဖြစ်သော မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း အနေဖြင့် ယခုကဲ့သို့သော ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် လမ်းပြမြေပုံသဖွယ်ဖြစ်သည့် မဟာဗျူဟာစီမံကိန်းကို ပထမဆုံးအကြိမ်အဖြစ် ချမှတ်ရေးဆွဲခဲ့ခြင်းသည် ကောင်းမွန်ပါကြောင်း၊ ရေးဆွဲထားရှိသော မဟာဗျူဟာစီမံကိန်းမှ အဓိကလုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ် ဦးတည်ချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဖြစ်ကြောင်းဆိုသည်။

လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် သီးခြားတစ်သင်း တစ်ဖွဲ့တည်း ဆောင်ရွက် ခြင်းဖြင့်မဟုတ်ဘဲ လုပ်ငန်းချင်း နှီးနွယ်ဆက်စပ်လျက်ရှိသော အသင်းအဖွဲ့အားလုံး ချိတ်ဆက်ခြင်း၊ လုပ်ငန်းတာဝန်ခွဲဝေသတ်မှတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်သာ အောင်မြင်မှုရလဒ်ကောင်း များ ရရှိနိုင်မည်ဖြစ်ပါကြောင်းပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောကြားခဲ့သည်။

ဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် ဌာနခွဲအသီးသီးအနေဖြင့် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသော မဟာဗျူဟာများ၊ စီမံကိန်းများနှင့် လုပ်ငန်းစဉ်များ လည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ရေးဆွဲထားရှိသော မဟာဗျူဟာစီမံကိန်း မှ လုပ်ငန်းများနှင့်ပတ်သက်၍ နှီးနွှယ်ဆက်စပ်လျက်ရှိသော ဌာနများ၊ စီမံချက်များ၊ အသင်းအဖွဲ့များအားလုံး ပါဝင်သော အစည်းအဝေးတစ်ခု ပြုလုပ်ကာ ဆွေးနွေးညှိနှိုင်းစေလိုကြောင်း၊ ထိုသို့ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုနှင့် ပထဝီနေရာဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှု စသည်တို့၌ တစ်နေရာတည်း၊ တစ်ခုတည်းတွင် အသင်းအဖွဲ့များမှ ထပ်ကာထပ်ကာဆောင်ရွက်နေမှုမျိုးကို ရှောင်ကြဉ်နိုင်ရန်လိုအပ်ကြောင်းပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်းပြောကြားခဲ့သည်။

လိုအပ်သော လုပ်ငန်းဆောင်ရွက်မှု နယ်ပယ်တွင် ပိုမိုအားဖြည့်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ရန်ပုံငွေများကိုလည်း ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ ပြုစုထုတ်ဝေထားသော Health Partner’s Profile (2018)တွင်လည်း INGO/ NGO များ၊ အသင်းအဖွဲ့များမှ လုပ်ငန်းကဏ္ဍအလိုက်၊ လုပ်ငန်း ဆောင်ရွက်မှု နေရာဒေသအလိုက် ဆောင်ရွက်နေမှုများပါဝင်ကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့်လည်း ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပိုမိုလက်တွဲဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်းဝန်ကြီးက ဆိုသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအက်စ်ကျော်လှ၊ မြန်မာ နိုင်ငံဆေးပညာရှင်အဖွဲ့ ပါမောက္ခ ဒေါက်တာ နေဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံဆေးဝါး ပညာရှင်များအသင်းနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.