Connect with us

Africa & Middle East

ကင်ညာနိုင်ငံတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၅ ဦးသေဆုံး

ကင်ညာနိုင်ငံ Kericho ကောင်တီတွင် ဖေဖော်ဝါရီလ ၁၃ ရက်က ပျက်ကျခဲ့သည့် ရဟတ်ယာဉ်တစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ မတ် ၄ ရက်(ဆင်ဟွာ)

ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း Turkana ကောင်တီတွင် မတ်လ ၃ ရက် ညပိုင်းက ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က မတ်လ ၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရဟတ်ယာဉ်နှစ်စီးသည် မတ်လ ၃ရက်က Turkanaရေကန်၏ အနောက်ဘက်ကမ်း Laboloစခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းနေ့ညတွင်ပင် နိုင်ရိုဘီသို့ပြန်လည်ထွက်ခွာလာစဉ် ရဟတ်ယာဉ်တစ်စီးမှာ နိုင်ရိုဘီသို့ ဘေးကင်းလုံခြုံစွာရောက်ရှိခဲ့သော်လည်း ကျန်တစ်စီးမှာ ပျက်ကျခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ သေဆုံးသူများတွင် ကင်ညာနိုင်ငံသား ၁ဦး၊ အမေရိကန်နိုင်ငံသား ၄ ဦး ပါဝင် ကြောင်းသိရသည်။

လက်ရှိတွင် အချင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ အချင်းဖြစ်ရဟတ်ယာဉ်မှာ Turkanaရေကန် အနီးတွင် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူမိသားစုဝင်များ၏ပြောကြားချက်အရ သိရသည်။ ကယ်ဆယ်ရေးအဖွဲ့က မတ်လ ၄ ရက် နံနက် ၄ နာရီခန့်တွင် ပျက်စီးနေသည့် ရဟတ်ယာဉ်အစိတ်အပိုင်းများနှင့် သေဆုံးသူများ၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)