Connect with us

Politics, Law & Military

သုံးနှစ်အတွင်း မူးယစ်ဆေးအမှုပေါင်း ၃၁,၃၀၀ ကျော် ဖမ်းဆီးရရှိခဲ့ဟု ဆို

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၄ ရက်(ဆင်ဟွာ)

၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သုံးနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၃၁,၃၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“မူးယစ်ဆေးဝါး ဖမ်းဆီးရမှုများအနေဖြင့််၂၀၁၆ ခုနှစ်မှာ ၈၈၀၀ မှု၊ တရားခံ ကျား ၁၁,၉၆၅ ဦး၊ မ ၁,၆၂၆ ဦး – ပေါင်း- ၁၃,၅၉၁ ဦး၊ ၂၀၀၁၇ ခုနှစ်မှာ ၉,၅၄၄ မှု၊ တရားခံ ကျား ၁၂,၄၀၅ ဦး၊ မ ၁,၅၉၅ ဦး၊ စုစု ပေါင်း ၁၄၀၀ ဦး၊ ၂၀၁၈ ခုနှစ်မှာ ၁၂,၉၇၆ မှု၊ တရားခံ ကျား ၁၆,၂၄၈ ဦး၊ မ ၂,၂၅၂ ဦး ၊ စုစုပေါင်း ၁၈,၅၀၀ ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းေ၀ ၏ “မူးယစ်တရားခံတစ်ဦးကို ဖမ်းဆီးမိသောအခါ ကွင်းဆက် တရားခံကို ချက်ချင်းဖော်ထုတ်၍ ဖမ်းဆီး ရေး အဖွဲ့အချင်းချင်း ဆက်သွယ် ဖမ်းဆီးနိုင် ရေးကို မြန်မာ တနိုင်ငံလုံးသို့ တစ်ပြေးညီညွှန်ကြားချက် ထုတ်ပြန်ပေးနိုင်ရေး” ဟူသည့် အမေးကို ပြန်လည် ဖြေကြားရာတွင် ဒုဝန်ကြီး က ပြောကြားခဲ့ခြင်း ဖြစ် သည်။

ထို့အပြင် မူးယစ်ဆေးဝါး ဖမ်းဆီးရမှုများမှ ကွင်းဆက် ဖော်ထုတ်မှု အရ ဆက်လက် အရေးယူ ဆောင်ရွက်ရသော ငွေကြေးခဝါချမှုများအနက် အမှုကြီးများမှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၆ မှု ရှိခဲ့ကြောင်း၊ အဆိုပါအမှုများမှ နေအိမ်၊ တိုက်ခန်း ၊ ဂိုဒေါင် ၈၁ လုံး၊ မြေကွက် ခြံကွက် ၂၆ ကွက်၊ မောတော်ယာဉ် ၅၂ စီး၊ စက်လှေ ၁၃ စင်း၊ ရွှေ အလေးချိန် ၂၁ ပိသာ ၅၆ ကျပ်သား၊ ဘဏ်အပ်နှံ စာရင်း ကျပ် ၄၃,၀၀၈ သိန်း၊ မြန်မာကျပ်ငွေ ၅၇,၀၃၁ သိန်း၊ အမေရိကန် ဒေါ်လာ ၉,၂၉၀၊ တရုတ် ယွမ်ငွေ ၆၇,၀၁၄ ယွမ်၊ ထိုင်ဝမ်ဒေါ်လ ၃၀၀၊ ဟောင်ကောင်ဒေါ်လာ ၅,၀၀၀၊ ထိုင်းဘတ် ၂,၀၂၀ ၊ ဖိလစ်ပိုင် ပီဆို ၆၅၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်နေသဖြင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေးအတွက် သီးခြား ညွှန်ကြားချက်များ ထုတ်ပြန်ရန် မလိုအပ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို တပ်ဖွဲ့ခွဲ သုံးခွဲ၊ တပ်ဖွဲ့စု ၅၀ စု၊ အရာရှိ ၄၀၁ ဦး၊ အခြားအဆင့် ၈၀၂ ဦး၊ စုစုပေါင်း ၁၂၀၃ ဦးဖြင့် ဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ခွဲ ၁၀ ခွဲ၊ တပ်ဖွဲ့စု ၆၅ စုအထိ တိုးချဲ့ ဖွဲ့စည်းနိုင်ရေး အတွက်လည်း လျာထား ဆောင်ရွက်လျက် ရှိကြောင်း၊ မူးယစ်ဆေးဝါး အမှုများအား ကွင်းဆက် ဖော်ထုတ်နိုင်ရေးအတွက် အမှုဖွင့် စစ်ဆေး ဆောင်ရွက်ရ သော ရဲစခန်းများ နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကွင်းဆက် တရားခံများ ဖမ်းဆီးရမိရေး အတွက် အောက်ခြေ တပ်ဖွဲ့အချင်းချင်း ရဲစခန်းအချင်းချင်း ချိတ်ဆက် ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ရဲစခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က တိုက်ရိုက်ညွှန်ကြား ကြပ်မတ်ခြင်းတို့ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အထူးသဖြင့် ပမာဏများပြား သော မှုခင်းများ၊ ဂိုဏ်းဖွဲ့ကျူးလွန်သော မှုခင်းများ၊ နိုင်ငံ ဖြတ်ကျော်မှုခင်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က တိုက်ရိုက် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း နိုင်ငံများရှိ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုအဖြစ် အာဆီယံ၊အင်တာပိုလ်၊ အမေရိကန်နိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ဒုဝန်ကြီးကပြန်လည် ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.