ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး မစ္စတာ ငုယင်ဖူးကျောင့် ယနေ့ဆွေးနွေးကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်တွင် နေထိုင်သော ဆေးရုံ အလုပ်သမ တစ်ဦးက အမေရိကန်ထီ ဒေါ်လာ ၇၅၈.၇ သန်းအား သြဂုတ်လ ၂၄ ရက်က တစ်လုံးတစ်ခဲတည်း ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ ကျားခေါင်းတောင်နှင့် နတ်ချောင်း ရဲကင်းစခန်းတို့တွင် ယနေ့ သြဂုတ် ၂၅ရက်နေ့ နေ့လည် ၁၂နာနာရီခန့်ထိ အစွန်းရောက်အကြမ်းဖက် သမားများနှင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တောင်မြောက်လမ်းဆုံအနီး ဆီသယ်ယာဉ်နှင့် ကွန်တိန်နာတို့ ယာဉ်တိုက်မှုဖြစ်ပြီး ဆီသယ်ယာဉ်မီးလောင်ကျွမ်းခဲ့ရာ အနီးရှိနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် နစ်နာသူများအား ဆီသယ်ယာဉ် ကုမ္ပဏီဘက်မှ ကူညီပေးရန် အစီအစဉ်ရှိကြောင်း National Energy Puma Aviation Services (NEPAS)ကုမ္ပဏီထံမှ သိရသည်။
ဘရက်ဆဲလား၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဘရာဇီးတွင် မကြာသေးမီက သင်္ဘောနှစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် စုစုပေါင်း သေဆုံးသူ ၃၉ အထိရှိကြောင်း အာဏာပိုင်များက သြဂုတ်လ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်လျှောက်လွှာပုံစံများကို လာမည့် စက်တင်ဘာ ၁ ရက်မှစတင်ကာ တစ်စောင်လျှင် ၂ဝဝ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ့် ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မောင်တောခရိုင်အတွင်း အစွန်းရောက် ဘင်္ဂလီအကြမ်းဖက် သမားများသည် သြဂုတ် ၂၅ ရက်နေ့ နံနက် ၁နာရီခန့်တွင် ရဲစခန်းနှင့် ရဲကင်းများအား တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
မန္တလေး ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အများပြည်သူဆက်ဆံရေး အသင်း အား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) နှင့် ကြင်တော်ယန် ဗုဒ္ဓဘာသာ ပရဟိတ အသင်းချုပ် တို့က ကြိုဆိုသည့် အခမ်းအနား ကို သြဂုတ်လ ၂၄ ရက်နေ့...
ရန်ကုန်။သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အစီရင်ခံစာပါအကြံ ပြုချက်များကို အစိုးရအနေဖြင့် အကောင်အထည်ဖော်နိုင်မည် ဟုကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် က မျှော်လင့်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
နေပြည်တော်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့်၊ သို့မဟုတ် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ပြီး အလုပ်လုပ်လို သည့် မြန်မာ လုပ်သားများအား တရားဝင် လုပ်သား ဖြစ်ခွင့်ကို စနစ်တကျ စီမံ ဆောင်ရွက်ပေးလျက် ရှိသည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့...