Connect with us

Local

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၏ အောက်တိုဘာလမှ ဇန်နဝါရီလထိ (ယာယီ) မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁,၃၁၆ သန်း ဆောင်ရွက်နိုင်

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၏ အောက်တိုဘာလမှ ဇန်နဝါရီလထိ (ယာယီ) မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁,၃၁၆ သန်း ဆောင်ရွက်နိုင်ကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၃၁၈ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၏ အောက်တိုဘာလမှ ဇန်နဝါရီလထိ (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၁၉၀ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၆,၁၂၆ သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၃၁၆ သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်နှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ၏ ကာလတူ အောက်တိုဘာလမှ ဇန်နဝါရီလထိ ပြည်ပပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၄,၆၉၂ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆,၃၀၆ သန်းဖြစ်၍ ပြည်ပ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀,၉၉၈ သန်း ဖြစ်သဖြင့် ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် ၄၉၈ ဒေါ်လာသန်း ပိုမို တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တွင် ၁၈၀ ဒေါ်လာသန်း လျော့နည်း ခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၁၈ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.