Connect with us

Politics, Law & Military

အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းမှု လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် နာယက ယနေ့  အစည်းအဝေးသို့  ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ခြင်းအား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။

အဆိုပါ ပူးပေါင်းကော်မတီတွင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး နှင့် အဖွဲ့ဝင်၄၁ ဦး – စုစုပေါင်း ၄၅ ဦးတို့ပါဝင်ကြရာ လွှတ်တော် ကိုယ်စားလှယ် ဦးရေ အနည်း အများ အလိုက် အချိုးကျ ပါဝင် ဖွဲ့စည်းခွင့် ရရှိမှုအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ၁၈ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ ၈ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ နှစ်ဦး၊ ရခိုင်အမျိုးသား ပါတီမှ နှစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ နှစ်ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး၊ ကျန်သော ကိုယ်စားလှယ် ဦးရေ တစ်ဦးမှ ငါးဦးအထိသာ ရှိသော နိုင်ငံရေး ပါတီများ ဖြစ်ကြသည့် တအာင်း ပလောင်၊ ပအိုဝ်း၊ ဇိုမီး၊ လီဆူ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ မွန် အမျိုးသား ပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ် ပါတီ စသည် ပါတီ ဆယ်ခုတို့ မှ ကိုယ်စားလှယ်တစ်ဦးစီ စုစုပေါင်း ၄၅ ဦး တို့ ဖြစ်ကြောင်း၊ ဦးတည်ချက် ငါးရပ်၊ တာဝန် ၁၄ ရပ်၊ လုပ်ပိုင်ခွင့် ခြောက်ရပ်၊ လုပ်ထုံး လုပ်နည်း လေးရပ်၊ ရပိုင်ခွင့် လေးရပ်တို့ပါရှိပြီး ပူးပေါင်းကော်မတီ၏ သက်တမ်းမှာ ဖွဲ့စည်းသည့်နေ့မှစ၍ အစီရင်ခံစာ တင်သွင်းခြင်း၊ ယင်း အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း တို့ကို ဆောင်ရွက်ပြီးမြောက်ပြီးနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းတစ်ခုကို ပြုစု ရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းနိုင်ရေး စီစဉ် ဆောင်ရွက် ပြီးသည့် အချိန်အထိ ဖြစ်ကြောင်း အဆိုပါ ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ရှင်းလင်း တင်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန် ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ)

၂၀၁၉ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး မဲန္ဒနယ် အမှတ်(၄) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သော တင်သွင်းခဲ့သော ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေး’ အဆိုကို ၂၀၁၉ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် အဆိုပါ ပူးပေါင်းကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း မူကြမ်းအား ကို ပြ့ည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်ကယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စု လွှတ်တော်က ထောက်ခံမဲ ၃၈၉ မဲ ကန့်ကွက်မဲ ၁၉၂ မဲ ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ် သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.