လာပက်ဇ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘိုလီဗီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဘတ်စ်ကားတစ်စီး နှင့် မြေသယ်ကားတစ်စီးတို့ယာဉ်တိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ အများပြည်သူသုံး ရေချိုးအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၂ ဦးသေဆုံးပြီး အနည်းဆုံးအခြား လူပေါင်း ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်အစည်းအဝေးအား ယနေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံမြို့နယ်၌ မော်တော်ယာဉ် ၅ စီး တိုက်မိမှုကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၈၆၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၅၈၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ငွေကျပ် ၃၅၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ဟာဘင်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ယခုနှစ်၏ မီးအိမ်ပွဲတော်အတွက် နန်းတော်ပြတိုက် (Palace Museum) သို့မဟုတ် Forbidden City အား ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်များတွင်ပါ ညနေပိုင်းအထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြတိုက်မှူးက ဖေဖော်ဝါရီလ ၁၇ ရက်တွင်...
မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မက္ကဆီကိုစီးတီးရှိ အစ်ဇ်တာပလာပါနယ်မြေတွင် ဖေဖော်ဝါရီလ ၁၇ ရက်က လမ်းနံဘေးပါတီပွဲတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘာလင်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံမှ ထွက်ခွာလာသော ခရီးသည်အယောက် ၂၄၀ ပါဝင်သည့် ဂျာမနီ၏ မြန်နှုန်းမြင့် မီးရထားသည် ဆွစ်ဇာလန်နိုင်ငံ Basel မြို့တွင် ဇန်နဝါရီလ ၁၇ရက်နေ့နှောင်းပိုင်း က ရထားလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း၊ ဂျာမန်ရထားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ Namatanaiမြို့ အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြင်းအား ၆.၄အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS)၏ သတင်းများအရ သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်းသိရသည်။