အက်ဒန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ အနောက်တောင်ပိုင်း တိုက်ဇ်ပြည်နယ်ရှိ လူစည်ကားရာ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၂၆ရက်က ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ဦးကျော်သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ဂျီနီဗာ ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဆွစ်ဇာလန် နိုင်ငံ အဲလ်ပ်တောင်တန်း ဒေသ တွင် လတ်တလော ၃ ရက် အတွင်း ရေခဲတောင် ပြိုကျမှု ၃ ကြိမ် ဖြစ်ပွား ခဲ့ရာ လူ ၃ ဦး သေဆုံး ခဲ့ကြောင်း...
ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယနှင့် စတုတ္ထပတ်များတွင် စတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး...
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြဝတီမြို့၊ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ကော့သောင်းမြို့တို့၌ ဒီဇင်ဘာ လ ၂၆ ရက် တို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၁၃၇ ဦး ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဟူစတန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးဖြစ်သည့် ဟူစတန်မြို့ ဆင်ခြေဖုံးတွင် ဒီဇင်ဘာ ၂၆ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် ၃၅လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံမီးသတ်အရာရှိများက အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မောင်တောမြို့မဈေးကြီးကို ဒီဇင်ဘာ ၂၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ညမထွက်ရအမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ဒီဇင်ဘာ ၂၅ ရက်က နှစ်လထပ်တိုးလိုက်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) နှလုံးနှင့်ကျောက်ကပ်ရောဂါ ကုသရာတွင် One Stop Service ပြုလုပ်နိုင်သော Kan Thar Yar International Specialist Hospitalကို ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
မော်စကို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒီဇင်ဘာ ၂၅ ရက်က မြေအောက်လူသွားလမ်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး ဝင်ရောက်လာသဖြင့် အနည်းဆုံး လူ ၄ဦးသေဆုံးပြီး အခြားလူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။