Connect with us

Social

ရင်ခွင်မဲ့ ကလေးငယ်များ အဆောက်အအုံ ပန္နက်တင်ပွဲကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား သမ္မတ၏ ဇနီး၊ အငြိမ်းစား သမ္မတ၏ ဇနီးတို့ နှင့်အတူ တွေ့ ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

ရင်ခွင်မဲ့ ကလေးငယ်များ ပြုစု စောင့်ရှောက်ရန် ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက် အအုံ ရတနာ ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိ ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းကကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ နိုင်ငံတော် အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (မြန်မာ)က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ တည်ဆောက် လှူဒါန်းမည့် အဆိုပါ အဆောက်အအုံသည် ရင်ခွင်မဲ့ ကလေးငယ် ၁၀၀ ကျော်နှင့် မိခင်လောင်း အချို့ကိုပါ စောင့်ရှောက်မှု ပေးသွားရန် ရည်ရွယ်ထားသည်ဟု ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေး အသင်း (မြန်မာ) ဒုတိယ ဥက္ကဋ္ဌ(၁) ဒေါ်သန်းမြင့်အောင်က မီဒီယာသို့ ဖြေကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပန္နက်တော် တင်ရန် ကြွရောက်လာစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပန္နက်တော်တင်နေစဉ် (ဆင်ဟွာ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ပန္နက်တင်အပြီး တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့က ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပေးစဉ် (ဆင်ဟွာ)

ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (မြန်မာ) ဒုတိယ ဥက္ကဋ္ဌ(၁) ဒေါ်သန်းမြင့်အောင် သတင်းထောက်များအား ဖြေကြားပေးနေစဉ် (ဆင်ဟွာ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး သတင်းထောက်များအား ဖြေကြားပေးနေစဉ် (ဆင်ဟွာ)

လက်ရှိ၌ မြန်မာနိုင်ငံတွင် လူ ကယ် ပြန် ဝန်ကြီးဌာနအောက်၌ ကလေးပြုစုရေး ဌာန ခုနစ်ခု ရှိထားပြီး ရင်ခွင်မဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးအတွက် နေရာ လုံ့လောက်မှု မရှိကြောင်း၊ ရင်ခွင်မဲ့ ကလေး များ နှင့်အတူ ပါလာလေ့ရှိသည့် single mother များကိုပါ စောင့်ရှောက်ဖို့ လိုအပ်လာ ကြောင်း၊ ထို့ ကြောင့် ပြုစု စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက မီဒီယာသို့ ဖြေကြားခဲ့သည်။

ထိုအဆောက်အအုံနှင့် ပတ်သက်ပြီး ယနေ့ အခမ်းအနားသို့ တက်ရောက်လာသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး သံအမတ်ကြီး မစ္စတာ ဟုန်းလျန်က “ဒီစီမံကိန်းဟာ မိဘမဲ့ ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်၊ ဒီစီမံကိန်းအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက မြန်မာကျပ် ငွေ တစ်ဆယ် ဘီလျံလောက် လှူဒါန်းထားပါတယ်၊ နောက်ပိုင်း လိုအပ်ချက်ရှိလာခဲ့ရင်လည်း ထပ်မံ လှူဒါန်းသွားပါမယ်” ဟု ဆင်ဟွာကို ဖြေကြားခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (မြန်မာ) ဥကက္ကဋ္ဌတို့က ပန္နက်တော်နေရာ လေးခုတို့တွင် မင်္ဂလာအချိန်၌ ပန္နက်တော်များ စိုက်ထူ ခြင်း၊ နံ့သာရည်များ ပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပန္နက်တော်တင် မင်္ဂလာ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရွှေမိုးငွေမိုးများရွာသွန်းခြင်းတို့ကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.