Connect with us

Africa & Middle East

ပြည်ပဖိအားနှင့်ပြဿနာဖြေရှင်းရန် မကြိုးစားဖို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဆို

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarifအား တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

ပြည်ပမှ အီရန်ကို ဖိအားပေး ပြဿနာဖြေရှင်းရန် ကြိုးပမ်းခြင်းက အချည်းနှီးသာဖြစ်ပြီး အောင်မြင်မည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။

နိုင်ငံရေးနှင့်စီးပွားရေးဖိအားပေးခြင်းက အီရန်ကို သက်ရောက်မှုရှိမည်မဟုတ်ကြောင်း Mohammad Javad Zarif က ဖေဖော်ဝါရီ ၁၂ ရက် တီဟီရန်တွင် အီရန်နိုင်ငံဆိုင်ရာ နိုင်ငံအသီးသီးမှ သံအမတ်များ၊အခြားပြည်ပဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း သိရသည်။အီရန်နိုင်ငံ၏လုံခြုံရေးကို ထိပါးလာလျှင် အီရန်သည် မိမိနိုင်ငံ၏လိုအပ်ချက်ကို မိမိဖြည့်ဆည်းပေးနိုင်ကြောင်း ၊အီရန်ပြည်သူများ၏အစိုးရအပေါ်ထောက်ခံမှုသည် အီရန်နိုင်ငံ လုံခြုံရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့်ပိုလန်သည် ယခုလ ၁၃ ရက် ၊၁၄ ရက်တွင် ပိုလန်နိုင်ငံမြို့တော် ဝါဆော၌ အရှေ့ အလယ်ပိုင်းရေးရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကျင်းပရန် ဆုံးဖြတ်ထားရာ နိုင်ငံနှင့်ဒေသပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည်ဖြစ်ပြီး အီရန်အရေးသည် ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးမည့်ကဏ္ဍတစ်ခုဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ထရမ့်က ၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန် ကြေညာပြီး ပိတ်ဆို့မှုများပြန်လည်လုပ်ဆောင်ခဲ့သည်။ ထိုမတိုင်မီကလည်း ထရမ့်သည် အီရန်နျူကလီးယားသဘောတူညီချက်က အလွန်ဆိုးဝါးကြောင်း ၊ပြန်လည်ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့်အီရန်သည် အကြမ်းဖက်ဝါဒကို အားပေးထောက်ခံနေကြောင်း ပြောဆိုမှုများရှိသည်။အီရန်အနေဖြင့် ယင်းကိစ္စစပ်လျဉ်း၍ ငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.