Connect with us

Africa & Middle East

ယီမင်နိုင်ငံတွင် H1N1 တုပ်ကွေးကြောင့် သေဆုံးသူ ၁၃၉ ဦးရှိ

ယီမင်နိုင်ငံတွင်စစ်ဒဏ်ခံရသည့်ပြည်သူတို့မှ အကူအညီရယူနေစဉ် (ဆင်ဟွာ)

ဆာနား၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံမြောက်ပိုင်း ဒေသတွင် ၂၀၁၈ ခုနှစ်မှစ၍ H1N1 တုပ်ကွေးကြောင့် သေဆုံးသူ ၁၃၉ ဦးရှိကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များ ၏ ဇန်နဝါရီလ ၁၂ ရက် တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စစ်ဒဏ်ခံစားရသည့် ယီမင်နိုင်ငံတွင် တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး ဇန်နဝါရီလတွင် သေဆုံးသူ ၂၂ ဦး နှင့် အခြားသူ ၁၀၇ ဦး ရောဂါကူးစက်ခံရကြောင်း၊ ကျန်းမာရေးအာဏာပိုင်များ ၏ အစီရင်ခံစာတွင်ပါရှိသည်။

မြို့တော်ဆာနား၊ အမ်ရန် နှင့် Ibbပြည်နယ်တို့တွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ အဆိုပါကိစ္စ နှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိကြောင်း အစီရင်ခံစာအရသိရသည်။

လေးနှစ်ကြာဖြစ်ပွားခဲ့သည့် ရှည်ကြာသည့်ပြည်တွင်းစစ်အတွင်း နိုင်ငံ ၏ ကျန်းမာရေးစနစ်သည် ကျဆင်းခဲ့ရကြောင်း၊ ကမ္ဘာအဆိုးဆုံး လူသားချင်းစာနိုင်မှုမရှိသည့်ပဋိပက္ခအဖြစ် ကုလသမဂ္ဂမှ ပြောကြားခဲ့သည်။

ယီမင်နိုင်ငံတွင် ဝမ်းရောဂါဖြစ်ပွားမှုသည် လူတစ်သန်းကျော်ရောဂါပိုးကူးစက်ကာ ကမ္ဘာ့အမြင့်ဆုံးစံချိန်အဖြစ် ရှိနေပြီး၊ သေဆုံးသူ ၂၀၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

ဆာနားမြို့ အပါအဝင် ယီမင်နိုင်ငံမြောက်ပိုင်း ရှိ နယ်မြေအများကို ဟူသီသူပုန်တို့မှ သိမ်းယူပြီး သမ္မတ Abd-Rabbu Mansour သည် နိုင်ငံတွင်းမှ ထွက်ပြေးသွားပြီးနောက် ၎င်းသမ္မတ၏ အစိုးရအဖွဲ့ကို ထောက်ပံ့ရန်အတွက် ၂၀၁၅ မှ စ၍ ယီမင်နိုငံကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အာရပ်ညွန့်ပေါင်းတပ်ဖွဲ့ကို ဆော်ဒီအာရေဗျ နိုင်ငံက ဦးဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.