Connect with us

Africa & Middle East

ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်းတွင် လေယာဉ်ငယ် ပျက်ကျ၍ နိုင်ငံခြားသား ၅ ဦးသေဆုံး

ကင်ညာနိုင်ငံတွင် ပျက်ကျခဲ့သည့် လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကာရီချို၊ ကင်ညာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း ကာရီချိုနယ်မြေ၌ ဖေဖော်ဝါရီလ ၁၃ ရက်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျပြီးနောက် နိုင်ငံခြားသား ၅ ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်သည် နိုင်ငံခြားသား ၅ ဦးကို တင်ဆောင်ကာ ကမ္ဘာကျော် Masai Mara National Reserve မှ လော့ဝါသို့ သွားရောက်စဉ် စက်ပိုင်းဆိုင်ရာပြဿနာများကြောင့် ကာရီချိုနယ်မြေ လန်ဒီယံနီမြို့ရှိ ကမ်ဝင်ဂီအရပ်၌ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိ အက်ဝပ်မွမ်ဘူရီ (Edward Mwamburi) က ပြောကြားခဲ့သည်။

မျက်မြင်သက်သေများ၏ အဆိုအရ ထို လေယာဉ်သည် သစ်ပင်တစ်ပင်နှင့် ဝင်မတိုက်မီ စက်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်း လေယာဉ်ပေါ်၌ ခရီးသွားဧည့်သည် ၅ ဦးနှင့် လေယာဉ်မှူးတစ်ဦးတို့ ပါဝင်သည်ဟု ယူဆရကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်သဖြင့် သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.