ပဲရစ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပဲရစ်မြို့အတွင်းခရိုင်တစ်ခုရှိ အဆောက်အအုံတစ်ခု ဖေဖော်ဝါရီလ ၄ ရက်က မီးလောင်ခဲ့ရာ လူ ၇ ဦး သေဆုံးပြီး အခြားသူတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံ မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) “သိုက်မြိုက်ဝေဆာ တရုတ်တန်းမှာ နွှဲကြပျော်ပျော် နှစ်သစ်ကူး ပွဲတော်”အား တရုတ် ရိုးရာ ပြက္ခဒိန် အရ နှစ်ဆန်း ၁ ရက် ဖြစ်သည့် ယနေ့ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်မြို့လသာမြို့နယ်ရှိ တရုတ်တန်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ...
မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအစိုးရက လာမည့် သုံးနှစ်အတွင်း နိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ရန် ရူဗယ် ၂၁ ဘီလီယံ(အမေရိကန်ဒေါ်လာ သန်း ၃၂ဝ ) အသုံးပြုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။
လော့ဆန်နီ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC)ဥက္ကဋ္ဌ Thomas Bachသည် ဖေဖော်ဝါရီ ၄ ရက် ဆွစ်ဇာလန်နိုင်ငံ လော့ဆန်နီမြို့ အိုလံပစ်ပြတိုက်တွင် ဆွစ်ဇာလန်နိုင်ငံရှိ တရုတ်နွယ်ဖွား အမျိုးသားများနှင့်အတူ နွေဦးနှစ်သစ်ပွဲတော်ကို အတူဆင်နွဲခဲ့ကြောင်းသိရသည်။
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံကိုစောင့်ကြည့်ရန်အတွက် အီရတ်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့များ ဆက်လက်တပ်စွဲထားမည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ထုတ်ပြန်ချက်အပေါ် ရှီယိုက်ဘာသာရေးခေါင်းဆောင် နှင့် အီရတ်နိုင်ငံ တွေးခေါ်မြော်မြင်မှုလှုပ်ရှားရေးအဖွဲ့အကြီးအကဲ အမ်မာအယ်လ်ဟက်ကင်း(Ammar al-Hakim) က ဖေဖော်ဝါရီ ၄ ရက်တွင် ပယ်ချလိုက်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပါဝင်သော ပြည်ထောင်စု ကောင်းကျိုးဆောင် အမည်ရှိ နိုင်ငံရေး ပါတီ တစ်ရပ်အား...
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) အစိုးရဌာနများအတွင်း အဂတိလိုက်စားမှုများ ဆက်လက် မဖြစ်ပေါ်စေရေးအတွက် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ဂယ်ပေါက်များကို စနစ်တကျ ပိတ်ဆို့ ထိန်းချုပ်ကြရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ယနေ့နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးရာတွင် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ယူနီကုဒ်စနစ်နှင့်ကိုက်ညီသည့် မြန်မာစာစနစ် အသုံးပြုသွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ကွီတို၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayasပြည်နယ် ပင်လယ်ကမ်းခြေဒေသတွင် ဖေဖော်ဝါရီ ၄ ရက်က ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ မြို့တော် ကွီတို ၊ Guayaquilမြို့အပါအဝင် အခြားပြည်နယ်များတွင် ငလျင်လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ကုလသဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်သည် တရုတ်နှစ်သစ်ကူး( သို့မဟုတ်) နွေဦးပွဲတော်အတွက် ဖေဖော်ဝါရီ ၄ ရက်တွင် ဆုတောင်းစကားပြောကြားခဲ့ကြောင်း သိရသည်။