Connect with us

Europe

ပဲရစ်မြို့တွင် အဆောက်အအုံမီးလောင်မှုကြောင့် လူ ၇ ဦးသေဆုံး

ပဲရစ် မြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပဲရစ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အတွင်းခရိုင်တစ်ခုရှိ အဆောက်အအုံတစ်ခု ဖေဖော်ဝါရီလ ၄ ရက်က မီးလောင်ခဲ့ရာ လူ ၇ ဦး သေဆုံးပြီး အခြားသူတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံ မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နိုင်ကြောင်း၊ မီးသတ်သမား ၃ ဦးအပါအဝင် လူ ၂၇ ဦး မှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် ၈ ထပ်အဆောက်အအုံမှာ နိုင်ငံခြားသံရုံးများနှင့် နာမည်ကျော် ပြတိုက်များ တည်ရှိရာ ပဲရစ်မြို့၏ ၁၆ ခုမြောက် အုပ်ချုပ်ရေးဌာနခွဲ၌ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.