တူနစ် ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ အလယ်ပိုင်း Sidi Bouzid ပြည်နယ်ရှိ ကိုရမ်စာသင်ကျောင်းတစ်ကျောင်းကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အကြမ်းဖက်ဝါဒ အားပေးလှုံ့ဆော်မှု နှင့် လူကုန်ကူးမှု များတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲချက်တို့ဖြင့် ပိတ်သိမ်းလိုက်ကြောင်း တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပေါင်း ၄၅ ခုကို ငွေကျပ် ၉ ဘီလီယံခန့် အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ဒေသ ၆ စစ်ကိုင်းတိုင်းဒေသကြီးရုံး မုံရွာမြို့)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကော့ခ်ဘဇား ၊ ဒါကာ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ အရှေ့တောင်ဘက် ၃၉၂ ကီလိုမီတာ တွင်ရှိသော နှစ်ရက်တာ ကျင်းပခဲ့သည့် စွန်လွှတ်ပွဲတော်သည် ကော့ဘဇားကမ်းခြေ ၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ပါရီ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Savoieပြည်နယ် အရှေ့ပိုင်းရှိ နှင်းလျောစီးအပန်းဖြေစခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက ဆီးနှင်းပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒမက်စကက်စ်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Aleppo ပြည်နယ် Aleppoမြို့တွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ငါးထပ်မြင့် အဆောက်အဦတစ်ခုလုံးပြိုကျမှုဖြစ်ပွားရာ ကလေးငယ် ၄ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANAသတင်းအေဂျင်စီ ၏ သတင်းများအရသိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ပြည်သူတို့၏ လူမှုဘဝမြှင့်တင်ရေး ၊ လူမှုစီးပွားတိုးတက်အောင်ဆောင်ရွက်ရေး ၊ နက်ရှိုုင်းသော ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ရေး တို့အတွက် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အဘူဂျာ ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ၌ ဒုတိယသမ္မတ ယီမိအိုရှင်ဘာဂျို(Yemi Osinbajo) လိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Kogi ပြည်နယ်၌ ဖေဖော်ဝါရီ ၂ ရက်က ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ၊ ဒုသမ္မတမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက်(၃၃)မိုင်ခန့် အကွာ တွင် အနက် (၉၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ယနေ့ သတင်းထုတ်ပြန်သည်။
ဖနွမ်းပင် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံအာဏာပိုင်များသည် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါးမှုဖြင့် လူပေါင်း ၁,၄၈၅ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးတိုက်ဖျက်ရေးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။