Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းတွင် စွန်လွှတ်ပွဲတော်ကျင်းပ


ကော့ခ်ဘဇား ၊ ဒါကာ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ အရှေ့တောင်ဘက် ၃၉၂ ကီလိုမီတာ တွင်ရှိသော နှစ်ရက်တာ ကျင်းပခဲ့သည့် စွန်လွှတ်ပွဲတော်သည် ကော့ဘဇားကမ်းခြေ ၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်စွန်အဖွဲ့ချုပ်မှ ကြီးမှူး၍ ဒါကာမြို့ ရှိ တရုတ်သံရုံး နှင့် အမျိုးသားအားကစားကောင်စီတို့ ပူးပေါင်းပါဝင်သည့် ၎င်းပွဲတော်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင်စတင်ကျင်းပခဲ့ကြောင်း သိရသည်။ ရာနှင့်ချီသည့် အရောင်အသွးစုံလင်လှသော စွန်များပျံသန်းပြသခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာ ကျန်းကျော့ (Zhan Zuo) က “တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးတွင်ရှေးယခင်ကတည်းက စွန့်လွှတ်ပွဲတော်ရှိခဲ့ပါတယ်။နှစ်နိုင်ငံစလုံးက ပြည်သူတွေက စွန်လွှတ်တာကို နှစ်သက်ကြပါတယ်။တူညီတဲ့ဘဝလူနေမှုပုံစံတွေပါပဲ ’’ ဟုပြောသည်။

စွန်လွှတ်ပွဲတော် ကျင်းပနေစဉ် (ဆင်ဟွာ)

နှစ်စဉ် ဘင်္ဂလားဒေ့ရှ်စွန်အဖွဲ့ချုပ် က ကြီးမှူးကျင်းပသည့် စွန်လွှတ်ပွဲတော်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် မိတ်ဖက်ကောင်းအဖြစ်ပါဝင်ခဲ့ကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.