Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၌ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါးမှုဖြင့် လူပေါင်း ၁,၄၈၅ ဦးကို ဖမ်းဆီးအရေးယူခဲ့

ကမ္ဘောဒီးယားနိုင်ငံ၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးနေစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံအာဏာပိုင်များသည် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါးမှုဖြင့် လူပေါင်း ၁,၄၈၅ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးတိုက်ဖျက်ရေးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

လူပေါင်း ၈ဝ၆ ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှုဖြင့် အရေးယူထားပြီး အခြား လူပေါင်း ၆၇၉ ဦးကို သုံးစွဲမှုဖြင့် အရေးယူထားကြောင်း ကမ္ဘောဒီးယားနိုင်ငံမူးယစ်ဆေးတိုက်ဖျက်ရေးဌာနက ဆိုသည်။ အဆိုပါ ဖမ်းဆီးခံထားရသူများအနက် ၁၁ဝ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလအတွင်း ဘိမ်းဖြူ ၊ ကိုကင်း ၊ စိတ်ကြွရူးသွပ်ဆေးပြားများ အပါအဝင် မူးယစ်ဆေးဝါး ၅.၂ ကီလိုဂရမ်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ၊ ထို့ပြင် ဆေးခြောက် ၁၆.၅ ကီလိုဂရမ်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သော ၂ဝ၁၈ ခုနှစ် တစ်နှစ်လုံးတွင် ကမ္ဘောဒီးယားနိုင်ငံ၌ မူးယစ်ဆေးဝါးအမှုပေါင်း ၈,ဝ၁၈ မှုဖြစ်ပွားခဲ့ပြီး ယင်းနှင့်ဆက်စပ်၍ လူပေါင်း ၁၆,၂၃၂ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ၊ တရားမဝင်မူးယစ်ဆေးဝါး စုစုပေါင်း ၅၅၃ ကီလိုဂရမ်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ် ဖောက်ကားမှုကို သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်း မရှိပေ။ ၎င်းနိုင်ငံ၏ ဥပဒေအရ တစ်စုံတစ်ယောက်သည် တရားမဝင် မူးယစ်ဆေးဝါး ၈ဝ ဂရမ်ထက်ပို၍ လက်ဝယ်တွေ့ရှိပါက အမြင့်ဆုံးထောင်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက် ကျခံရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.