Connect with us

Africa & Middle East

အကြမ်းဖက်ဝါဒ အားပေးလှုံ့ဆော်မှုကြောင့် တူနီးရှားတွင် စာသင်ကျောင်းပိတ်

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလက တူနီးရှားနိုင်ငံအလံကို ကိုင်ဆောင်၍ အကြမ်းဖက်ဝါဒ ဆန့် ကျင် ဆန္ဒပြနေကြသောပြည်သူများအားတွေ့ ရစဉ်(ဆင်ဟွာ)

တူနစ် ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)

တူနီးရှားနိုင်ငံ အလယ်ပိုင်း Sidi Bouzid ပြည်နယ်ရှိ ကိုရမ်စာသင်ကျောင်းတစ်ကျောင်းကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အကြမ်းဖက်ဝါဒ အားပေးလှုံ့ဆော်မှု နှင့် လူကုန်ကူးမှု များတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲချက်တို့ဖြင့် ပိတ်သိမ်းလိုက်ကြောင်း တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

Al-Riqab မြို့ရှိ ကိုရမ်စာသင်ကျောင်းတစ်ကျောင်းကို အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးရန် ဖေဖော်ဝါရီ ၅ ရက်တွင် လုပ်ဆောင်သွားမည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါစာသင်ကျောင်းထဲတွင် ဆိုးဆိုးရွားရွားပြုမူဆက်ဆံမှုများ နှင့် ခေါင်းပုံဖြတ်မှုများ ခံနေရသည့် ကလေးငယ်များ နှင့် လူလတ်ပိုင်းအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၎င်းတို့ထဲတွင် အသက် ၁ဝ နှစ် မှ ၁၈ နှစ်ကြား အရွယ်ရှိ ကလေးငယ် ၄၂ ဦးပါဝင်ပြီး အသက် ၁၈ နှစ် မှ ၃၅ နှစ်ကြား အရွယ်ရှိ လူလတ်ပိုင်း ၂၇ ဦး ပါဝင်ကြောင်း ၊ ကျောင်းသားလူငယ်များသည် ကျန်းမာရေးစောင့်ရှောက်မှုတွင် အနိုမ့်ဆုံး အဆင့်ကိုပင် မခံစားရသလို လုံခြုံမှုလည်း လုံးဝ မရှိသော အမိုးအကာအောက်တွင် နေထိုင်နေကြရကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ရာထူးမှ ပြုတ်ကျခဲ့သည့် ယခင်သမ္မတဟောင်း Zine El Abidine Ben Ali လက်ထက်တွင် ဘာသာရေးကျောင်းများ နှင့် ကိုရမ်ကျမ်းစာသင်ကျောင်းများကို အခြားကျောင်းများနှင့် သီးခြားခွဲထုတ်ခဲ့သည်။

၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲပြီးနောက် တူနီးရှားအာဏာပိုင်များသည် အဆိုပါ ဘာသာရေးကျောင်းများကို ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းများအား အနီးကပ် လေ့လာစောင့်ကြည့်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.