Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Aleppoမြို့တွင် အဆောက်အဦပြိုကျမှုဖြစ်ပွား ၊ လူ ၁၁ ဦး သေဆုံး


ဒမက်စကက်စ်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Aleppo ပြည်နယ် Aleppoမြို့တွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ငါးထပ်မြင့် အဆောက်အဦတစ်ခုလုံးပြိုကျမှုဖြစ်ပွားရာ ကလေးငယ် ၄ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANAသတင်းအေဂျင်စီ ၏ သတင်းများအရသိရသည်။

ပြိုကျပျက်စီးသွားသည့် အဆောက်အဦမှာ Aleppoမြို့Salahuddinတွင် တည်ရှိကြောင်း သိရသည်။ အချင်းဖြစ်ပွားရာနေရာတွင် ဒဏ်ရာရသူတစ်ဦးကို တွေ့ရှိရ၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူဖြစ်ရပ်မျိုးထပ်မံဖြစ်ပွားမှု မရှိစေရန် အချင်းဖြစ်ပွားရာနေရာ တစ်ဝိုက်ကို သက်ဆိုင်ရာ ဌာနများက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ၊ ပြိုကျပျက်စီးရာအဆောက်အဦအနီးတစ်ဝိုက်တွင် နေထိုင်သူများအား ရှင်းလင်းထားပြီး ၎င်းတို့အား နေထိုင်စားသောက်ရေး အခြေခံလိုအပ်ချက်ကို ထောက်ပံ့ပေးထားကြောင်း ဒေသခံအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ SANA သတင်း အေဂျင်စီက ဖော်ပြထားသည်။

အဆောက်အဦပြိုကျသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အဆောက်အဦပြိုကျသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အဆောက်အဦပြိုကျသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်အခြား ကယ်ဆယ်ရေးဝန်ထမ်းများက အပျက်အစီး များကို ရှင်းလင်းပြီး ရှာဖွေမှုများလုပ်ဆောင်နေကြောင်းသိရသည်။

ပြိုကျမှုဖြစ်ပွားသည့်အဆောက်အဦရှိရာနေရာသည် ဆီးရီးယားအစိုးရနှင့် ဆန့်ကျင်ရေးလက်နက်ကိုင် အဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် Aleppoမြို့ကို ဆီးရီးယားအစိုးက ပြန်လည်သိမ်းပိုက် ခဲ့သော်လည်း လက်ရှိတွင် Aleppoပြည်နယ်၏အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများကို ဆန့်ကျင်ရေးလက်နက်ကိုင်များက ထိန်းချုပ်ထားဆဲဖြစ်ရာ မကြာခဏဆိုသလို အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားလေ့ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.