Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ၌ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် ဒုတိယသမ္မတ အသက်ဘေးမှ လွတ်မြောက်

နိုင်ဂျီးရီးယားဒုတိယသမ္မတလိုက်ပါလာသော ပျက်ကျသွားသည့် ရဟတ်ယာဉ်အားတွေ့ ရစဉ်(ဆင်ဟွာ)

အဘူဂျာ ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ၌ ဒုတိယသမ္မတ ယီမိအိုရှင်ဘာဂျို(Yemi Osinbajo) လိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Kogi ပြည်နယ်၌ ဖေဖော်ဝါရီ ၂ ရက်က ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ၊ ဒုသမ္မတမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

လူ ၆ ဦးလိုက်ပါ နိုင်သော ရဟတ်ယာဉ်သည် ဒုတိယသမ္မတအိုရှင်ဘာဂျို နှင့် ၎င်း၏ လက်ထောက်အချို့ကို တင်ဆောင်လာခဲ့ကြောင်း ၊ Kogi ပြည်နယ်အတွင်းရှိ Kabba ဒေသသို့ဆင်းသက်စဉ် ပျက်ကျသွားခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Laolu Akande က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ရဟတ်ယာဉ်မှာ ဆိုးရွားစွာပျက်စီးသွားခဲ့သော်လည်း လိုက်ပါလာသော ခရီးသည်အားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း နှင့် ရဟတ်ယာဉ်မှူးမှာလည်း ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းကို သိရှိရန် ကျွမ်းကျင်သူများက စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် အချင်းဖြစ်နေရာတွင် စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒုသမ္မတက ၎င်း၏တွစ်တာလူမှုကွန်ရက်မှတဆင့် “ ဘေးကင်းပါတယ်” ဟု ရေးသားခဲ့ပြီး ရဟတ်ယာဉ်မှူးသည် အခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ကြောင်းဖြည့်စွက် ဖော်ပြထားသည်။

ရဟတ်ယာဉ်ပျက်ကျမှုမှာ လုပ်ကြံမှု ဖြစ်စဉ်တစ်ခု သို့မဟုတ် အခြားထူးခြားဖြစ်စဉ်တစ်ခု မဟုတ်ကြောင်း သမ္မတရုံးအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် သမ္မတရွေးကောက်ပွဲ နှင့် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန် ရှိနေပြီး မတ် ၂ ရက်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ နှင့် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန် ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.