Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၂၀း၃၀ နာရီ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာ အနီး ရေဦး-ကလေးဝကားလမ်း မိုင်တိုင်(၄၇/၇)၌ အောင်နိုင်(စိစစ်ဆဲ)မောင်းနှင်ပြီး မြအောင်အောင်ဆိုင်းအဖွဲ့မှ ဦးမြင့်လွင်(၅၆)နှစ်၊ လက်ပံမြောက်ကျေးရွာ၊ ဘုတလင်မြို့နယ်နေသူ အပါအဝင်၂၄ ဦး(ကျား ၂၀၊မ ၄)တို့ လိုက်ပါလာသော 3B/×××× ဒိုင်နာယာဉ်သည် ကုန်းအတက်၌ နောက်ပြန်လျောကျကာ လမ်းဝဲဘက်အနက် ၅၀ ပေခန့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက် ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်စဉ် ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ပြီး ယာဉ်တိမ်း မှောက်မှုကြောင့် ဦးမြငွေ(စိစစ်ဆဲ)၊ မန်ကျည်းဇောက်ကျေးရွာ၊ ဒီပဲယင်းမြို့နယ်နေသူတွင် နဖူး/ယာ လက်ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကာ ဦးမြင့်လွင်အပါအဝင် ၁၂ ဦး (ကျား ၁၀၊ မ ၂)တို့တွင် ပွန်းပဲ့/ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့၍ ၂၃း၁၅နာရီ တွင် ကံထူးမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် အောင်နိုင် (ဖမ်းဆီးရမိမှုမရှိသေး) အား ကံထူးမနယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စုံစမ်းလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.