Connect with us

Politics, Law & Military

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ပြည်သူတို့၏လူမှုဘဝ မြှင့်တင်ရေး ကြိုးပမ်းအားထုတ်ကြရန် ပြောကြား

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ကျေးလက်နေပြည်သူများ စကားလက်ဆုံကျနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ပြည်သူတို့၏ လူမှုဘဝမြှင့်တင်ရေး ၊ လူမှုစီးပွားတိုးတက်အောင်ဆောင်ရွက်ရေး ၊ နက်ရှိုုင်းသော ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ရေး တို့အတွက် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးပေါ်လစ်ဗျူရိုအမြဲတမ်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝန်ကြီးချုပ်လီက ဖေဖော်ဝါရီ ၁ ရက် မှ ၂ ရက်အထိ တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့သွားရောက်လည်ပတ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း လီသည် Ulanqab မြို့အတွင်းရှိ ဆင်းရဲနွမ်းပါးသော ဒေသခံနေအိမ်များသို့သွားရောက်လည်ပတ်ခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ရထားစီးခရီးသည်များအားလက်ပြနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

လီက သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကြိုးပမ်းအားထုတ်မှုတစ်စိတ်တစ်ပိုင်းအဖြစ် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးအောင် လုပ်ဆောင်ကြရန် ၊ ယင်းဒေသရှိ အာလူးစိုက်ပျိုးရေးပိုမိုဖြစ်ထွန်းစေရန် သုတေသနလုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

လီသည် လယ်သမားများ၏ ဈေးတစ်ခုသို့သွားရောက်စဉ် သားငါးများရောင်းဝယ်ဖောက်ကားနေမှု နှင့် ဈေးနှုန်းများကို လေ့လာခဲ့သည်။ထို့နောက်လီက ဒေသခံများ ငွေကြေးပိုမိုသုံးစွဲနိုင်ရန်အတွက် ၎င်းတို့၏ တစ်ဦးချင်းဝင်ငွေများ ပိုမိုတိုးတက်လာအောင် ပို၍ ကြိုးပမ်းအားထုတ်သွားသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ရထားဘူတာရုံတစ်ခုသို့ရောက်ရှိစဉ် လီက ရွှေ့ပြောင်းလုပ်သားများအား အချိန်မီ လုပ်ခလစာရရှိမှု အခြေအနေကို မေးမြန်းစုံစမ်းခဲ့ပြီး ၊ ခရီးသည်များ၏ သွားလာရေးအဆင်ပြေစေရန် မြန်နှုန်းမြင့်ရထားများ ပိုမိုတိုးမြှင့်ထုတ်လုပ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် မြို့ပြင်ဆင်ခြေဖုံးရပ်ကွက်တွင်နေထိုင်ကြသည့် ဒေသခံများအတွက် နွေးထွေးလုံခြုံသော နေအိမ်များတည်ဆောက်ပေးရန်လည်း အရေးကြီးကြောင်း လီက ဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.