နေပြည်တော်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဖြစ်ပွားလာမည့် ဘဏ္ဍာရေးအကျပ်အတည်းများကိုရင်ဆိုင်ဖြေရှင်းနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးအခြေခံအချက်များမှာ ခိုင်မာတောင့်တင်းမှုရှိကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍကုန်သွယ်မှုတန်ဖိုး မှာ ယွမ်ထရီလီယံပေါင်း ၈ဝ အထိရောက်ရှိခဲ့ပြီး တရုတ်ဘဏ်လုပ်ငန်းတန်ဖိုးအနေဖြင့် ယွမ်ထရီလီယံပေါင်း ၂၅ဝ ရှိပြီဖြစ်ကြောင်း၊ ထို့ကြောင့်ငွေကြေးတန်ဖိုး ကြီးမားသည့်ဘဏ္ဍာရေးစနစ်ဖြစ်ပြီး အကျပ်အတည်းများနှင့် ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်လီခဲ့ချန်က သတင်းစာရှင်းလင်းပွဲ၌...
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း မြို့ပြ အလုပ်အကိုင်အသစ်ပေါင်း ၁၃ သန်းကျော် ဖန်တီးနိုင်ရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အလုံဈေး ရှိ အစားအသောက်များနှင့် ဆေးဆိုင်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ၊ သတ်မှတ်ချက် နှင့်ကိုက်ညီမှုမရှိသည့်ဆေးဆိုင်များကို အရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးသူဈေးသားများကိုလည်းအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) မှ ယနေ့သတင်းထုတ်ပြန်သည်။
မက္ကဆီကို စီးတီး၊ မတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရာဂိုမြို့လယ်ခေါင်တွင် ဆန္ဒပြသူရာပေါင်းများစွာ သည် “တံတိုင်းများအစား တံတားများ တည်ဆောက်ပေးပါ” ဟု ကြွေးကြော်ကာ မက္ကဆီကို နယ်စပ်သို့ အမေရိကန်သမ္မတအဖြစ် လာရောက်သည့် ဒေါ်နယ်ထရမ့် ၏ ပထမဆုံးခရီးစဉ်၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပါက မည်သည့်နိုင်ငံကမျှ အနိုင်ရမည်မဟုတ်ဟု မိမိတို့အနေဖြင့်ယုံကြည်ပါကြောင်း၊ မိမိတို့တရုတ်နိုင်ငံအနေဖြင့် လည်း ကုန်သွယ်ရေးစစ်ပွဲမဖြစ်ပွားလိုပါကြောင်း၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံနှစ်နိုင်ငံကြား မျှတစွာကူးသန်းရောင်းဝယ်သည့် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအဖြစ်မြင်တွေ့လိုပါကြောင်း စသဖြင့်ဝန်ကြီးချုပ်လီခဲ့ချန်က မတ်လ ၂ဝ ရက်တွင် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌...
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်ကာ အင်အားချဲ့ထွင်မှုအား ဘယ်သောအခါမှ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။ တရုတ်နိုင်ငံက အခြား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယင်းနိုင်ငံများအား ကူညီထောက်ပံ့ခြင်းကို မဟာဗျူဟာမြောက်...
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးကောင်းမွန်စွာလည်ပတ်စေရန်နှင့် စီးပွားရေးကဏ္ဍ တွင် ပိုမိုတိုးတက်ဖွံ့ဖြိုးတက်စေမည့် ဥပဒေများကိုပြဋ္ဌာန်းကာ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းနှင့်သက်ဆိုင်သည့် အစိုးရလုပ်ငန်းစဉ်များကိုဆောင်ရွက်ရန် E platform တစ်ခုကိုလည်း တည်ဆောက်သွားတော့မည်ဖြစ်ကြောင်းစသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍ တိုးမြှင့်စေမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍မီဒီယာများကိုရှင်းလင်းပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် နျူကလီးယား ကင်းစင်ရေးဆောင်ရွက်မှုများတွင် အကောင်းဆုံးဖြစ်စေရန် အစွမ်းကုန်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးအတွက် စီးပွားရေးတံခါးဖွင့်လှစ် ထားမည် ဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန်ကဏ္ဍတို့တွင် အခွန်အခများကိုလည်း လျှော့ချပေးသွားရန်ရှိကြောင်း၊ အစိုးရအနေဖြင့်ထုတ်လုပ်ရေးကဏ္ဍတွင်လည်း အပြည့်အဝထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးကဏ္ဍကိုလည်းပိုမိုကျယ်ပြန့်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး အခန်းကဏ္ဍတွင် သဟဇာတဖြစ်စေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။(Xinhua)