Connect with us

Europe

ဗြိတိန်လွှတ်တော်က လာမည့်အပတ်တွင် Brexit သဘောတူညီချက်ကို မဲခွဲဆုံးဖြတ်မည်

ဗြိတိန်လွှတ်တော်အဆောက်အဦအနီးတွင် ဗြိတိန်နိုင်ငံအလံနှင့် ဥရောပသမဂ္ဂအလံအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

Brexit သဘောတူညီချက် မဲခွဲဆုံးဖြတ်မှုကို ဇန်နဝါရီ ၁၅ ရက်တွင် အောက်လွှတ်တော်၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် အိမ်တော်က ဇန်နဝါရီ ၈ ရက်တွင် အတည်ပြု ပြောကြားခဲ့ သည်။

မဲခွဲဆုံးဖြတ်မှုမပြုမီ အောက်လွှတ်တော်တွင် Brexit သဘောတူညီချက်နှင့်စပ်လျဉ်း၍ အချေအတင် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် အိမ်တော် ပြောရေးဆိုခွင့်ရှိသူ က ဆင်ဟွာကို ပြောကြားခဲ့သည်။

Brexit သဘောတူညီချက်မဲခွဲဆုံးဖြတ်မှုကို ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် ပြုလုပ်မည်ဟု ဗြိတိန် အောက်လွှတ်တော်က နဂိုမူလ သတ်မှတ်ထားသော်လည်း အတည်ပြုချက်မရမည်ကို စိုးရိမ် သောကြောင့် မဲခွဲဆုံးဖြတ်မှုမတိုင်မီတစ်ရက်တွင် ဝန်ကြီးချုပ် ထရီဇာမေက မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းပြုလုပ်မည်ဟု ရုတ်တရက်ကြေညာခဲ့သည်။

ဝန်ကြီးချုပ် ထရီဇာမေက Brexit သဘောတူညီချက်ပါ အရေးကြီးအကြောင်းအရာ အများအပြားကို လွှတ်တော်အမတ်များက ထောက်ခံကြသော်လည်း အိုင်ယာလန် နယ်စပ် ပြဿနာ၏ အချို့ အစိတ် အပိုင်းများကိုမူ ကျယ်ကျယ်ပြန့်ပြန့်ထဲထဲဝင်ဝင် စဉ်းစားစရာများ ရှိနေဆဲဖြစ်ကြောင်း ပြောကြား ခဲ့ သည်။

အိုင်ယာလန်နယ်စပ်အရေးတွင် အရံပြင်ဆင်မှု(Backup arrangement)က Brexit သဘောတူညီချက် တွင် အငြင်းပွားမှု အရှိဆုံးအကြောင်းအရာဖြစ်သည်။ သဘောတူညီချက်အရ ဗြိတိန်နှင့် ဥရောပသမဂ္ဂ သည် ကူးပြောင်း ကာလအတွင်း ကုန်သွယ်ရေးနှင့် စပ်လျဉ်း ပြီး သဘောတူညီညှိနှိုင်းမှုများ မရရှိသေးပါက ကူးပြောင်း ကာလအပြီးတွင် မြောက်အိုင်ယာလန် နှင့် အိုင်ယာလန်အကြားတွင် နယ်စပ်စည်းခြားမှု မရှိစေရန် မြောက်အိုင်ယာလန် ဒေသများကို ဥရောပသမဂ္ဂကုန်သွယ်ရေး စည်းမျဉ်းများအတိုင်း ထားရှိရမည် ဖြစ်ကြောင်း၊ ထိုသို့ ထားရှိမှုက အချိန်သတ်မှတ်မှုမရှိသောကြောင့် ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂတွင် သောင်တင် နေမည်ကို ဝေဖန်သူအချို့က စိုးရိမ်နေကြသည်။

ယခင်သဘောတူညီချက်အရ ဗြိတိန်သည် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ တရားဝင် နုတ်ထွက် မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.