Connect with us

Europe

တူရကီ နိုင်ငံ က အမေရိကန် နိုင်ငံ မှ ဆီးရီးယား ရှိ Kurd လက်နက်ကိုင် အဖွဲ့အစည်း အား ထောက်ပံ့ပေးထားသည့် လက်နက်များအား ပြန်လည် သိမ်းဆည်း စေလို

ဆီးရီးယား နိုင်ငံ ရှိ Kurd လက်နက်ကိုင် အဖွဲ့အစည်း ဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ် တပ်မတော် တပ်ဖွဲ့ဝင်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင် ကာလင် (Ibrahim Kalin) က အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ ရှိ တပ်ဖွဲ့ဝင် များအား ပြန်လည် ရုပ်သိမ်းချိန်တွင် ယခင် က အမေရိကန် နိုင်ငံ မှ Kurd လက်နက်ကိုင် အဖွဲ့အစည်း အား ထောက်ပံ့ပေးထားသည့် လက်နက်များကိုလည်း ပြန်လည် သိမ်းဆည်း စေလိုကြောင်း ဇန်နဝါရီ ၈ ရက် က ပြောကြား ခဲ့သည်။

ကာလင် က တူရကီ နိုင်ငံ သို့ အလည်အပတ် ရောက်ရှိလာသည့် အမေရိကန် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ နှင့် တူရကီ နိုင်ငံ အရာရှိ တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးချိန်တွင် အထက်ပါ အကြောင်းအရာ အား ပြောကြား ခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့ တွင် တူရကီ နိုင်ငံ နိုင်ငံခြားရေး နှင့် စစ်ဘက်ဆိုင်ရာ အရာရှိ တို့မှ အမေရိကန် နိုင်ငံ သမ္မတ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် နှင့် ဆီးရီးယား မှ အမေရိကန် တပ်ဖွဲ့ ရုပ်သိမ်းခြင်း နှင့် Kurd အရေး တို့နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

ကာလင် က အမေရိကန် နိုင်ငံ အနေဖြင့် ဆီးရီးယား မှ တပ်ဖွဲ့ဝင်များ ပြန်လည် ရုပ်သိမ်းချိန်တွင် IS အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်ရန် ဆောင်ရွက်ခဲ့သည့် စစ်စခန်း ၁၆ ခု အား တူရကီ နိုင်ငံ သို့မဟုတ် ဆီးရီးယား နိုင်ငံ အစိုးရ အား ပေးအပ်စေလိုကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အား Kurd အရေး နှင့် ပတ်သက်၍ အချက်အလက်များကို ပေးအပ် ခဲ့ပြီး Kurd လက်နက်ကိုင် အဖွဲ့အစည်း ၏ ပြစ်မှုကျူးလွန်သည့် အချက်အလက်များလည်း ပါဝင်ကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့က ကာလတလျှောက် Kurd လက်နက်ကိုင် အဖွဲ့အစည်း ၏ တရားဝင်မှု နှင့် ပတ်သက်၍ ကြီးမားစွာ သဘောထား ကွဲလွဲမှု ရှိခဲ့ကြသည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ စသော Kurd လက်နက်ကိုင် အဖွဲ့အစည်း များသည် တူရကီ နိုင်ငံ အစိုးရ ကို ဆန့်ကျင်သော Kurd အလုပ်သမားပါတီ ၏ ဆီးရီးယား နိုင်ငံ ရှိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်ကာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခု အဖြစ် တူရကီ နိုင်ငံ က သတ်မှတ်ထားသည်။ သို့သော် အမေရိကန် နိုင်ငံ က Kurd လူမျိုးများ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်မတော် နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ စသည် တို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ထားရှိပြီး IS တပ်ဖွဲ့ ကို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.