ခါတွန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ ခါတွန်ပြည်နယ် ကျန်းမာရေး အာဏာပိုင်များက မြို့တော် ခါတွန်မြို့ ရှိ ဆေးရုံတစ်ခု၏ ရေခဲတိုက်တစ်ခုတွင် ရုပ်အလောင်း ၃၀၀ ရှိနေကြောင်းစွပ်စွဲချက်ကို ဖေဖော်ဝါရီ ၁၁ရက်က ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မြေစာပြိုကျပိမိ၍ ၆ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီ ၁၀ရက်က ငွေကျပ် သိန်း ၃၉၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ သစ်ဆင်ကျေးရွာအနီး ကြက်သွန်ကွင်း-မကျည်းစင် ကားလမ်းမိုင်တိုင်(၂၆/၄)ကုန်းဆင်း၌ ဖေဖော်ဝါရီ ၁၀ ရက်၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၇ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ကချင် ပြည်နယ် အစိုးရ အဖွဲ့၏ လမ်းပန်း ဆက်သွယ်ရေး ၊ လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာနအား လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီးဌာန အဖြစ် ပြင်ဆင်...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) နောက်ထပ် အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှုအား ရှောင်လွှဲနိုင်ရန်အတွက် “ မူအားဖြင့်သဘောတူညီမှုတစ်ရပ်”ကို အမေရိကန်အထက်လွတ်တော် နှင့် အောက်လွှတ်တော် အမတ်များက ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ကျောက်ဖြူခရိုင်၊မာန်အောင်မြို့၊ဇီးတောကမ်းခြေနှင့် (၄)မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်သည့် သင်္ဘောသည် ယနေ့ နံနက် ၄နာရီခွဲခန့်က နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောနစ်မြုပ်မှုကြောင့် ပျောက်ဆုံးသူများအား ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။
လော့အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အောရိန်းစီရင်စု ဖူလာတန်မြို့ ရှိ ယာဉ်ကြောရှုတ်ထွေးသော လမ်းမတစ်ခု ၏ လူသွားလမ်းပေါ်သို့ ဖေဖော်ဝါရီ ၁၀ ရက်က ထရပ်ကားတစ်စီးဝင်ရောက်လာခဲ့ရာ လမ်းသွားလမ်းလာ ၉ဦးအား တိုက်မိပြီးနောက် သစ်ပင်တစ်ပင်အား ဝင်တိုက်ခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) West Bank ဒေသတွင် ဖေဖော်ဝါရီ ၁၀ ရက်က ဘတ်စ်ကားတစ်စီး နှင့် ကားတစ်စီး တိုက်မိခဲ့ရာ အစ္စရေးလူမျိုး ၂ဦး သေဆုံးပြီး ၄၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Sari Pul ပြည်နယ်နှင့် အနောက်ပိုင်း Badghis ပြည်နယ်တွင် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းနှင့် ၁၀ ရက် နံနက်ပိုင်းက အစိုးရတပ်နှင့်တာလီဘန်လက်နက်ကိုင်တို့ အကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ ၂၉ ဦး သေဆုံးခဲ့ကြောင်း...