ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၏ အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၈.၇၁)၊ အရှေ့လောင်ဂျီတွဒ် (၉၅.၂၉)၊ အနက် (၈၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသ နှင့်...
ကိုပင်ဟေဂင်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံဘုရင်မ မာဂရက် ၂ ၏ ခင်ပွန်းဖြစ်သူ ဒိန်းမတ်မင်းသား ဟင်းရစ်ခ် သည် ဖေဖော်ဝါရီ ၁၃ရက် ညပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း ဒိန်းမတ်နန်းတော် က ဖေဖော်ဝါရီ ၁၄ရက် အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရသေ့တောင်-ဘူးသီးတောင်ကားလမ်းကို မြေသားလမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင်း ပြီးစီးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိ အဆိုပါ ကားလမ်းဖောက်လုပ်မှု စီမံကိန်းထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံရေး ဆောင်ရွက်ခဲ့ရာ လက်ရှိချိန်ထိ ပြန်လည်ဝင်ရောက်မှုမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီးအား ယာဉ်မတော်တဆ ဖြစ်ပွားမှုများ လျော့ပါးစေရေးအတွက် ကတ္တရာလမ်းခင်းသွားရန် စီစဉ်လျက်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ရုရှားလေယာဉ်ပျက်ကျမှု အပါအဝင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် မြောက်ကိုရီးယားနိုင်ငံ အရေးတို့ နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၂ရက်တွင် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် အဌားယာဉ်များကို City Taxi အဖြစ် မှတ်ပုံတင်ရန် အစီးရေ ၁၀၀၀၀ခန့် ကျန်ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ တန်ဖိုးနည်း နှင့် တန်ဖိုးသင့် တိုက်ခန်းများအား ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့အစီအစဉ်ဖြင့် ပြည်သူများ(အထူးသဖြင့် ဝင်ငွေနည်း ပြည်သူများ ၊ နိုင်ငံ့ ဝန်ထမ်း များ ၊...
လာဂို့စ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Bauchi-Kano လမ်းမတွင် ဘတ်စ်ကားတစ်စီး နှင့် ကုန်တင်ကားတစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ ဘတ်စ်ကားပေါ်တွင်လိုက်ပါလာသော ကျောင်းသား ၂၂ဦး နှင့် ကားဒရိုင်ဘာ တစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က နှစ်ကူးပွဲတော်ကာလ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Jilin ပြည်နယ်ခရီးစဉ်အတွင်း ဆင်းရဲနွမ်းပါးမှုပပျောက်စေရန် နှင့် ပြည်သူများ၏ လူမှုဘဝသာယာစေရန် ဆုမွန်တောင်း စကားဆိုခဲ့ကြောင်း သိရသည်။