Connect with us

Latin America

ရှီ နှင့် ထရမ့် သင့်တော်သောအချိန်တွင် နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်ကြရန် သဘောတူညီ

တရုတ်နိုင်ငံတော်အလံ နှင့် အမေရိကန်ပြည်ထောင်စုအလံတို့ ကိုအတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်တို့သည် “ အနာဂတ်ကာလတွင် သင့်တော်သောအချိန်တစ်ခု၌ နှစ်နိုင်ငံအပြန်အလှန် လည်ပတ်ကြရန်” သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့၌ ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးအပြီး ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက ရှီ နှင့် ထရမ့် တို့၏ သီးသန့်ဆွေးနွေးပွဲတစ်ခုပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဝမ်ရိက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)