Connect with us

Latin America

တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအောင်မြင်စေရန် “ လုပ်နိုင်တာ နှင့် လုပ်သင့်တာ” ကိုအသေအချာလုပ်ဆောင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်တို့ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး အောင်မြင်စေရန် “ လုပ်နိုင်တာ နှင့် လုပ်သင့်တာ” များကို အသေအချာ လုပ်ဆောင်သွားမည်ဟု ဒီဇင်ဘာ ၁ ရက်တွင် သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ယိ က ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းနေ့အစောပိုင်းက သမ္မတရှီ နှင့် ထရမ့်တို့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝမ်ရိက ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံအနေဖြင့် တာဝန်ယူမှုအပိုင်းကို တိုးမြှင့်ဆောင်ရွက်သွားသင့်ကြောင်း နှင့် ၎င်းတို့အနေဖြင့် ကွဲပြားခြားနားမှုများထက် ဘုံအကျိုးစီးပွားများက ပို၍ များပြားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)