ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
နယူးယောက်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေး မူဝါဒများနှင့် စီးပွားရေး အချက်အလက်သစ်များ ထုတ်ပြန်မှုပေါ် မူတည်၍ အခြား အဓိက ငွေကြေးများနှင့် လဲလှယ် နှိုင်းယှဉ်ရာတွင် အမေရိကန်ဒေါ်လာ ဈေးများမှာ ဇန်နဝါရီလ ၂၄ ရက်က မတည်ငြိမ် ဖြစ်ခဲ့ကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေးနှင့် (၁၉)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာနအုပ်ချုပ်မှုကောင်စီအစည်းအဝေး တွင် အာဆီယံဒေသတွင်း စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၁၆-၂၀၂၅ ၏ ပထမအဆင့် ၂၀၁၆-၂၀၂၀ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များမှ ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား ဇန်နဝါရီ ၂၄...
ရီယိုဒီဂျနေးရို၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ တောင်ပိုင်း ဆောပေါ်လို ပြည်နယ် Bauruမြို့ရှိ အကျဉ်းထောင်တစ်ခု၏ အစိတ်အပိုင်း အချို့အား မီးတင်ရှို့သည့် ထောင်တွင်းဆူပူမှုဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၂၄ရက်တွင် အကျဉ်းသား ၁၅၀ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ရောမ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ အလယ်ပိုင်း L’Aquila ပြည်နယ် ဇန်နဝါရီလ ၂၄ ရက်က တောင်တန်းများအကြား ပျက်ကျခဲ့သော ရဟတ်ယာဉ် တစ်စင်းအား ကယ်ဆယ်ခဲ့ပြီးနောက် လူ ၆ ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြောင်းလဲပြေးဆွဲခဲ့သော YBSစနစ် ယာဉ်များ မလုံလောက်သည့်အတွက် ညဘက် သီးသန့်ယာဉ်များ ပြေးဆွဲပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) မကြာသေးမီနှစ်များအတွင်း ပြန်လည်သုံးသပ်ကြည့်လျှင် ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ်ကဆွဲဆောင်နိုင်မှုသာမက ဖိအားပေးဆောင်ရွက်နိုင်မှုတွင်လည်းကောင်း၊ စိတ်ပျက်ဖွယ်အကောင်းဆုံးအနေဖြင့်ရှေ့သို့တိုးတက်ဆောင်ရွက်နိုင်မှုတွင် ပါနိမ့်ကျဆုံးရှုံးခဲ့ရသည်ဟုဆိုရပေမည်။ ကမ္ဘာ့အသိုင်းအဝိုင်းအနေနှင့်လည်း ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ်အောင်မြင်ရေး ဆောင်ရွက်ရာတွင် အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ရကာ တင်းကြပ်ခက်ခဲသည့်အခြေအနေ(သို့မဟုတ်) ရှုံးနိမ့် ရမည့်အခြေအနေသို့ပင်ရောက်ရှိခဲ့ရသည်ဟုဆိုနိုင်သည်။
ဆစ်ဒနီ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်မြို့ ပြီးလျှင် ကမ္ဘာပေါ်တွင်ဒုတိယဈေးအကြီးဆုံး အိမ်ယာဈေးကွက်တည်ရှိရာ မြို့အဖြစ် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အား ဇန်နဝါရီ ၂၄ ရက်က သတ်မှတ်ခဲ့ကြောင်း သိရသည်။ လေ့လာသုံးသပ်ရေးအုပ်စု Demographia က ၂၀၁၇ခုနှစ် အိမ်ယာငွေကြေးသုံးစွဲနိုင်မှု စစ်တမ်းကောက်ယူအရ မြို့ ၂၉မြို့အား...
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ မြေနီကုန်းခုံး ကျော်တံတားအောက်၌ ပြည်သူများအပန်းဖြေနေရာ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်အဆိုပါ ခုံးကျော်တံတား အောက်၌ ကျင်းပခဲ့ကြောင်း မြေနီကုန်း ခုံးကျော်တံတား စီမံကိန်း မန်နေဂျာထံမှ သိရသည်။
ဝါရှင်တန်၊ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ကမ္ဘာကြီး၌ ရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက်ဝါဒကို အိန္ဒိယ နှင့် အမေရိကန် နှစ်နိုင်ငံပူးပေါင်း၍ နှိမ်နှင်းတိုက်ခိုက်သွားရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ တို့နှစ်ဦးသည် ဇန်နဝါရီလ ၂၄ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။