Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ တိုက်ဖျက်ရေးနှင့် အကြမ်းဖက်သမားများ စိမ့်ဝင်ထိုးဖောက်မှု မရှိစေရေး ဆွေးနွေး

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ တိုက်ဖျက်ရေးနှင့် အကြမ်းဖက်သမားများ စိမ့်ဝင်ထိုးဖောက်မှု မရှိစေရေးတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့(၁/၂ဝ၁၇) အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ဥပဒေအရ အပ်နှင်းထားသော ဗဟိုအဖွဲ့၏လုပ်ပိုင်ခွင့်နှင့် တာဝန်များအရ ဆောင်ရွက်ထားမှုများ၊ နိုင်ငံအသီးသီး၌ အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ တိုက်ဖျက်ရေး၊ အကြမ်းဖက်သမားများ စိမ့်ဝင်ထိုးဖောက်မှု မရှိစေရေး တို့နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အကြမ်းဖက်မှု တိုက်ဖျက်ရေး အမှုဆောင်အရာရှိချုပ်ရုံး၏ သတ်မှတ်ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးတို့နှင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့(၁/၂ဝ၁၇) အစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဗဟိုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးကျော်ဝင်းနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.