Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက သဘာဝဘေး လျော့ပါးရေးအတွက် ငွေကြေး ယွမ် ၁၅၅ သန်း သုံးစွဲ

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေ့ပြည်နယ်တွင် ရေဘေးဒဏ်သင့်ပြည်သူများအား ကယ်ဆယ်ရေးသမားများက ရွှေ့ပြောင်းပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုအစိုးရက ရေလွှမ်းမိုးခြင်းနှင့် ရွှံ့နွံများဖုံးလွှမ်းခံရသော ဒေသများရှိ သဘာဝဘေးလျော့ပါးရေး လုပ်ဆောင်မှုများတွင် ကူညီရန် ယွမ် ၁၅၅ သန်းသုံးစွဲရန် ရန်ပုံငွေများ ပေးအပ်ခဲ့ကြောင်း အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ရန်ပုံငွေများသည် ကွမ်တုံပြည်၊ ယွမ်နန်ပြည်နယ်၊ Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှင်းကျန့် ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးကော်ပိုရေးရှင်း ထံသို့ ခွဲဝေပေးအပ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ထို ရန်ပုံငွေများအား သဘာဝဘေးဒဏ်သင့်ဒေသ ပြောင်းရွှေ့ခြင်း၊ အသက်မွေးဝမ်းကျောင်းအတွက် အရေးပေါ်ထောက်ပံ့ပေးခြင်း၊ ပျက်စီးသွားသော နေအိမ်များအား ပြန်လည်တည်ဆောက်ပေးခြင်း၊ သေဆုံးမှုအတွက် လျော်ကြေးငွေပေးအပ်ခြင်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။အဆိုပါ ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် ရွှံ့ဖုံးလွှမ်းခြင်းများ ဖြစ်ပွားသည့်အတွက် အရေးပေါ်အဆင့် ၄ အဖြစ် တရုတ်နိုင်ငံ သဘာဝဘေးလျော့ပါးရေး အာဏာပိုင်များက ကြေညာထားကြောင်း ဒေသခံ သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများ၌ ကူညီပေးရန် အလုပ်အဖွဲ့များစွာ စေလွှတ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117