Connect with us

Local

စတော့ ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ ပိုမို များပြားလာစေရေး ရည်ရွယ်ချက်များဖြင့် YSX Expo 2018 ကျင်းပ

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

စတော့ ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ ပိုမို များပြားလာစေရေး ရည်ရွယ်ချက်များ ပါဝင်သည့် YSX Expo 2018 အခမ်းအနားအား ရန်ကုန် စတော့အိတ်ချိန်းမှ ကြီးမှူး၍ ယနေ့စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

YSX Expo 2018 အခမ်းအနား ကျင်းပရခြင်းသည် ကုမ္ပဏီများ အရင်းအနှီးဈေးကွက်မှ တဆင့် ကာလရှည် ရင်းနှီးငွေများ စုစည်း တတ်စေရန် နှင့် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်၊ စတော့ရှယ်ယာ ဈေးကွက် အကြောင်း အများ ပြည်သူတို့ ပိုမိုသိရှိ နားလည်စေရန် နှင့် အရင်းအနှီးဈေးကွက် Eco-System ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပေးရန် တို့အတွက် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် တာဝန် ရှိသူများက YSX Expo 2018 ကျင်းပ ရခြင်း ရည်ရွယ်ချက်များ ၊ ရန်ကုန် စတော့အိတ်ချိန်း အကြောင်း အရာများအား အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့စီးပွားရေး ဖွံဖြိုး တိုးတက်မှုအတွက် အရေးပါသောအရင်းအနှီးဈေးကွက် အခန်းကဏ္ဍ အကြောင်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက လေ့လာ သုံးသပ် ဆွေးနွေးခြင်း ၊ စာရင်းဝင်ကုမ္ပဏီများမှ အကြီးအကဲတာဝန်ရှိသူများက ၎င်းတု့ိကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

YSX Expo 2018 ၏ ပထမအပိုင်း ဆွေးနွေးပွဲ(Panel Discussion)တွင် “စာရင်းဝင်ကုမ္ပဏီများ၏ ရှေ့ဆက် လုပ်ဆောင်သွားမည့် အနာဂတ်အလားအလာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ဒုတိယပိုင်းတွင် မြန်မာနိုင်ငံ၏ စတော့ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများ အကြောင်းကို Financial Advisor ဦးကျော်မျိုးထွန်းက သုံးသပ် တင်ပြခြင်း ၊ ထို့နောက် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသော အကြောင်းအရာဖြစ်သည့် (Foreign Participation & Myanmar Companies’ Potential) ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ (Panel Discussion)ပြုလုပ်ခဲ့ကြကြောင်း သိရသည်။YSX Expo 2018 တွင် ဆွေးနွေးပွဲ များ သာမက စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ ပြခန်းများ ၊ ဘဏ္ဍာရေး သင်တန်းများ၏ ပြခန်းများ ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ပြခန်းများ ၊ အာမခံ ကုမ္ပဏီများ၏ ပြခန်းများလည်း ပါဝင် ပြသခဲ့ကြောင်း သိရသည်။

ယခု YSX ၏ အွန်လိုင်း ရှယ်ယာ အရောင်းအဝယ်စနစ်သည် မြန်မာနိုင်ငံ၏ စတော့ခ် ဈေးကွက် နှင့် စတော့ခ် အရောင်းအဝယ် တန်ဖိုးတွင် ရင်းနှီးမြှုုပ်နှံသူများကို ပိုမိုစိတ်ဝင်စားအောင် ဆွဲဆောင်ထားကြောင်း သိရသည်။လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်းကုမ္ပဏီ၌ ၃၅ ရာခိုင်နှုန်း ပါဝင် ရင်းနှီးမြှုပ်နှံ ခွင့်ပြုထား သကဲ့သို့ YSX မှာ ကုန်သွယ်ရန် ခွင့်ပြုပေးထားသည့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသစ်သည် ယခု ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်တွင် စတင် အကျိုး သက်ရောက် ခဲ့ကြောင်း သိရသည်။

YSX Expo 2018 သည် ဒုတိယ အကြိမ်မြောက် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပထမ အကြိမ် YSX Expo အား ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများ ဖြစ်သည့် FMI ကုမ္ပဏီ ၊ မြန်မာသီလဝါ အထူး စီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) ၊ မြန်မာနိုင်ငံသားများဘဏ်(MCB) ၊ ပထမ ပုဂ္ဂလိက ဘဏ် (FPB) နှင့် TMH telecom ကုမ္ပဏီလီမီတက် တို့အရောင်းအဝယ် ပြုလုပ်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.